ဖားအံ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းဆရာနှင့် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

ဖားအံ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းဆရာနှင့် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

ဖားအံမြို့ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းဆရာတစ်ဦးအပါအဝင် လူငယ်သုံးဦးတို့ကို စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက ယမန်နေ့ (မေလ ၁၈) ရက်ညတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ဖားအံမြို့ ကြာအင်းတောင်အိမ်ရာ တိုက် (၂) မြေညီထပ်တွင် လူငယ်သုံးဦးနှင့် တိုက်ခန်းငှားနေထိုင်ကြသည့် အဆိုပါ ကျောင်းဆရာ ယမန်နေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကား (၆) စီးဖြင့် ရောက်လာပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ဖမ်းခေါ်သွားသည်ဟု ဖားအံမြို့ခံတစ်ဦးထံမှ သိရသည်။

၎င်းက "ည ၉ နာရီမထိုးခင်လောက်မှာ ကား ၆ စီး အသံတိတ်ပြီး ရောက်လာတယ်။ ခြံတခါးကို အသံမထွက်အောင်ဖွင့်တယ်။ သေနတ်ကိုင်ထားတဲ့ ရဲ ၃ ယောက်က တိုက် (၂) ပတ်ပတ်လည်ကို ဝိုင်းထားတယ်။ ကျန်တဲ့သူတွေက တိုက် ၂ ပေါ် တန်းတက်တယ်။ ကျောင်းဆရာတို့ကို မြေကြီးမှာ တစ်နေရာစီထိုင်ခိုင်းပြီး စစ်မေးတယ်။ ကားနောက်ဖုံးတွေ ဖွင့်စစ်တယ်။ ပြီးတော့ ကားပါယူသွားပြီး ဖမ်းသွားတယ်။ သူတို့ကို ဘာကြောင့်လာဖမ်းတာလဲ ကျွန်တော်လည်းမသိဘူး" ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရောက်လာမီ ဆိုင်ကယ် ၃ စီးမှ ၎င်းအိမ်ရာနားဝဲနေပြီး ခြံထောင့်တစ်နေရာတွင် ဆိုင်ကယ်ရပ်ထားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကားမီးပိတ်ကာ အသံတိတ်ရောက်ရှိလာကြပြီး ကျောင်းဆရာတို့ကို ဖမ်းခေါ်သွားရာတွင် ၎င်းဆိုင်ကယ် ၃ စီးမှာလည်း အတူပြန်လိုက်ပါသွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်လများတွင် ဖားအံမြို့ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းဆရာမနှစ်ဦးနှင့် မြဝတီမြို့မှ ကျောင်းဆရာမတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးမှုများရှိခဲ့သည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...