ယမန်နေ့ည ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊ CDF ဟားခါးဖက်မှ ၁ ဦးကျဆုံးဟု ထုတ်ပြန်

ယမန်နေ့ည ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊ CDF ဟားခါးဖက်မှ ၁ ဦးကျဆုံးဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြားတွင် CDF-Hakha နှင့် စစ်ကောင်စီတပ်ဖွဲ့များ ၁၆ မေလ ၂၀၂၁ ညနေပိုင်း ၅:၃၀ နာရီမှ ၈ နာရီကြား ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ယောက် ပွဲချင်းသေဆုံး၊ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရန်သူတပ်ဘက်မှ အဆမတန် လက်နက်ကြီး (RPG ၊ ၆၀ မမ စသည်) များဖြင့် ပစ်ခေတ်သောကြောင့် CDF-Hakha ဘက်မှ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရကြောင်း Chinland Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

"သူတို့ဘက်က RPG ၊ ၆၀ မမ တို့ကိုသုံးပြီး တိုက်တယ်၊ လက်နက်အကြီးစားတွေပဲသုံးတယ်၊ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်၊ သူတို့ဘက်လည်း အကျဆုံးတော့ရှိပါတယ်" လို့ CDF ဟားခါးမှ Chin World Media ထံပြောသည်။

ယင်းတိုက်ပွဲအတွင်း CDF ဘက်မှ Salai Van Biak Ling ကျဆုံးခဲ့ကြောင်းလည်း CDF က ထုတ်ပြန်ထားသည်။

ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် ဟားခါးမြို့နှင့် ၉ မိုင်ခန့်ကွာဝေးသော ချွန်ကျုံးကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ချွန်ကျုံးနဲ့ ရမ်ထလိုကြားမှာ အသံကြားရတယ်၊ ဗုံးလေးချက်သံရယ်၊ သေနတ်သံအကျယ်ကြီးတွေကြားရတယ်၊ ကားသုံးစီး ဟားခါးဘက်ကနေလာတာတော့တွေ့တယ်၊ ၂ စီးက ပြန်လှည့်သွားတယ် ကျန်တစ်စီးနဲ့ ဖြစ်တယ်လို့ထင်တယ်" ဟု ကျေးရွာဒေသခံတစ်ဦးမှ ပြောသည်။

ချွန်ကျုံးကျေးရွာနားရှိ လမ်းလုပ်သား ၁ ဦး ကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းခေါ်သွားကြောင်း ကျေးရွာဒေသခံများကဆိုသည်။

လက်ရှိချိန်ထိ စစ်ကောင်စီတပ်သားများနှင့် CDF ဟားခါးအဖွဲ့အကြား ကွက်ကြားတိုက်ပွဲများ ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဟားခါးမြို့တွင်းတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် ၄ ကြိမ်ခန့်ရှိခဲ့ပြီဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...