ယမန်နေ့ည ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊ CDF ဟားခါးဖက်မှ ၁ ဦးကျဆုံးဟု ထုတ်ပြန်

ယမန်နေ့ည ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊ CDF ဟားခါးဖက်မှ ၁ ဦးကျဆုံးဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြားတွင် CDF-Hakha နှင့် စစ်ကောင်စီတပ်ဖွဲ့များ ၁၆ မေလ ၂၀၂၁ ညနေပိုင်း ၅:၃၀ နာရီမှ ၈ နာရီကြား ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ယောက် ပွဲချင်းသေဆုံး၊ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရန်သူတပ်ဘက်မှ အဆမတန် လက်နက်ကြီး (RPG ၊ ၆၀ မမ စသည်) များဖြင့် ပစ်ခေတ်သောကြောင့် CDF-Hakha ဘက်မှ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရကြောင်း Chinland Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

"သူတို့ဘက်က RPG ၊ ၆၀ မမ တို့ကိုသုံးပြီး တိုက်တယ်၊ လက်နက်အကြီးစားတွေပဲသုံးတယ်၊ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်၊ သူတို့ဘက်လည်း အကျဆုံးတော့ရှိပါတယ်" လို့ CDF ဟားခါးမှ Chin World Media ထံပြောသည်။

ယင်းတိုက်ပွဲအတွင်း CDF ဘက်မှ Salai Van Biak Ling ကျဆုံးခဲ့ကြောင်းလည်း CDF က ထုတ်ပြန်ထားသည်။

ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် ဟားခါးမြို့နှင့် ၉ မိုင်ခန့်ကွာဝေးသော ချွန်ကျုံးကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ချွန်ကျုံးနဲ့ ရမ်ထလိုကြားမှာ အသံကြားရတယ်၊ ဗုံးလေးချက်သံရယ်၊ သေနတ်သံအကျယ်ကြီးတွေကြားရတယ်၊ ကားသုံးစီး ဟားခါးဘက်ကနေလာတာတော့တွေ့တယ်၊ ၂ စီးက ပြန်လှည့်သွားတယ် ကျန်တစ်စီးနဲ့ ဖြစ်တယ်လို့ထင်တယ်" ဟု ကျေးရွာဒေသခံတစ်ဦးမှ ပြောသည်။

ချွန်ကျုံးကျေးရွာနားရှိ လမ်းလုပ်သား ၁ ဦး ကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းခေါ်သွားကြောင်း ကျေးရွာဒေသခံများကဆိုသည်။

လက်ရှိချိန်ထိ စစ်ကောင်စီတပ်သားများနှင့် CDF ဟားခါးအဖွဲ့အကြား ကွက်ကြားတိုက်ပွဲများ ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဟားခါးမြို့တွင်းတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် ၄ ကြိမ်ခန့်ရှိခဲ့ပြီဖြစ်သည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...