ကော့ကရိတ်မြို့နယ်တွင် ပညာရေးဝန်ထမ်း ၉ဝဝ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ကော့ကရိတ်မြို့နယ်တွင် ပညာရေးဝန်ထမ်း ၉ဝဝ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း ၉ဝ၂ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံလိုက်ရသည်ဟု ပြည်နယ်ပညာရေးမှူးရုံး၏ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

အခြေခံပညာကျောင်းများမှ သင်ကြားစီမံဝန်ထမ်း ၉၂၀ ဦးကို ခွင့်စည်းကမ်းဖောက်ဖျက်ခြင်း၊ ခွင့်မဲ့ပျက်ကွက်ခြင်းနှင့် လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ပြည်နယ်ညွှန်ကြားရေးမှူး ဦးငွေစိုးလက်မှတ်ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် ကျောင်းအုပ် စောဝေထွန်း (အမည်လွှဲ) က “အရာထမ်း၊ အမှုထမ်း ၉ဝဝ ကျော် တာဝန်ရပ်ဆိုင်းခံရတယ်။ ကျနော်တို့ အလုပ်ကနေ ထွက်လိုက်တာမဟုတ်ဘူး။ စစ်အာဏာရှင်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ CDM (အာဏာဖီဆန်မှု) လုပ်ကြတာပါ။ မိသားစုဖိအား စားဝတ်နေရေးအခက်အခဲနဲ့ ဌာနဖိအားတွေကြောင့် အချို့အလုပ်ပြန်သွားရပြီ။ ကူညီပေးစေချင်တယ်” ဟု မေလ ၁၅ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

ပညာရေးဝန်ထမ်းများအနေဖြင့် CDM ဆောင်ရွက်နေသော်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ် ပညာရေးကိစ္စနှင့်ပတ်သက်ပြီး သင်ကြားပေးနိုင်အောင် ကြိုတင်ပြင်ထားလျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရသည့်အထိ ဆက်လက်ပါဝင်သွားမည်ဟု ၎င်းက ပြောဆိုသည်။

ကရင်ပြည်နယ်တွင် အခြေခံပညာရေးကျောင်းများမှ စီမံဝန်ထမ်းပျက်ကွက်သူဦးရေ ၄၄၂၈ ဦးရှိပြီး CDM ဝင်ထားသည့် နိုင်ငံ့ဝန်ထမ်းများကို ထောင်ဒဏ်ချမှတ်ခြင်း၊ ဖမ်း၀ရမ်းထုတ်ခံထားရခြင်းနှင့် ထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိသည်ဟု CDM ဝင်ထားသူများ ကူညီရေးအဖွဲ့ထံမှ သိရသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...