ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင် ညအချိန် ကင်းထောက်လေယာဉ် လာရောက်ပျံဝဲ

ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင် ညအချိန် ကင်းထောက်လေယာဉ် လာရောက်ပျံဝဲ

ကော့ကရိတ်မြို့တောင်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေဘက်တွင် မေလ ၁၃ ရက်၊ ညသန်းခေါင်အချိန်၌ လေယာဉ်လာရောက်ပျံဝဲသွားကြောင်း ကိုယ်တိုင်ကြားသိရသည့် ဒေသခံများနှင့် နယ်မြေလုံခြုံရေးတာဝန်ရှိသူများက ပြောသည်။

“လေယာဉ်က မနေ့ည ၁၂ နာရီလောက်မှာ လာပျံသွားတယ်။ ညဘက်မို့ အသံတော့ အတော်ကျယ်တယ်။ သိပ်တော့မကြာဘူး။ ပုံမှန်ဆို လေယာဥ်တွေ ညဘက်ပျံရင် မီးရောင်လေးတော့ တွေ့ရတယ်လေ။ အခုက အသံပဲကြားရပြီး လေယာဉ်ကိုကျတော့ မမြင်ရဘူး” ဟု ဒေသခံရွာသူတစ်ဦးက ပြောသည်။

အဆိုပါ လေယာဉ်ပျံဝဲသွားသည်ကို လုံခြုံရေးအရ စောင့်ကြည့်နေသည့် နယ်မြေခံ ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များလည်း ကြားသည့်အတွက် ထွက်ကြည့်သော်လည်း မမြင်ရကြောင်း၊ ၎င်းတို့ကြားလိုက်ရသည့် အသံလှိုင်းအရ တောင်ကြာအင်းရွာဘက်မှ ပျံသန်းရောက်ရှိလာပြီး ကော့ကရိတ်မြို့ဘက်သို့ လှည့်ပျံသွားခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။

KNLA တပ်မဟာ (၆) တပ်မှူးတစ်ဦးက “ညက ၁၀ နာရီလောက်မှာ အရင်ဆုံး ဒရုန်း (မောင်းသူမဲ့ယာဉ်) လာပျံတယ်။ အဲဒါပြီးတော့ ၁၂း၀၃ အချိန်လောက် လေယာဉ်သံထပ်ကြားရတယ်။ ခန့်မှန်းတာကတော့ သူတို့တွေ တစ်ခုခုလုပ်ဖို့ နေရာကို လာလေ့လာကြည့်ထားတဲ့သဘောပဲ။ သူတို့ရဲ့ ကင်းထောက်လေယာဉ်တွေက နောက်ဆုံးပေါ်တွေမို့ ညကြည့်မှန်ဘီလူးနဲ့က အောက်ကိုမြင်ရနိုင်တယ်” ဟု မှတ်ချက်ပြုပြောဆိုသည်။

ကော့ကရိတ်မြို့နယ်အပါအဝင် ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေတွင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက လေယာဉ်ပျံသန်းမှုမရှိခဲ့ဘဲ ယခု လာရောက်ပျံသန်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...