ကျောင်းများ ပြန်လည်ဖွင့်လှစ်သော်လည်း မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသားဦးရေ ၇၀ ရာခိုင်နှုန်းခန့် မတက်ရောက်ဟုဆို

ကျောင်းများ ပြန်လည်ဖွင့်လှစ်သော်လည်း မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသားဦးရေ ၇၀ ရာခိုင်နှုန်းခန့် မတက်ရောက်ဟုဆို

ယခုအခါ မော်လမြိုင်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော်လည်း ကျောင်းသူ၊ ကျောင်းသားဦးရေ ၇၀ ရာခိုင်နှုန်းခန့် ကျောင်းတက်ရောက်ခြင်းမရှိကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ပျမ်းမျှအားဖြင့်တော့ Day ကျောင်းသားသီးသန့်ပေါ့၊ အဝေးသင်မပါဘူး၊ Day ကျောင်းသီးသန့် ၁၀,၀၀၀ ကျော် ၂၀,၀၀၀ နီးပါးမှာရှိတယ်။ CDM လုပ်တာကတော့ ရာခိုင်နှုန်းအားဖြင့်ဆိုလို့ရှိရင် ၇၀ ရာခိုင်နှုန်းလောက်မှာ ရှိတယ်ပေါ့နော်” ဟု အဆိုပါ ကျောင်းသားခေါင်းဆောင်က ပြောသည်။

တက္ကသိုလ်ကျောင်းများ ပြန်မဖွင့်မီ ကျောင်းသူ/ကျောင်းသားများ ကျောင်းပြန်မတက်ကြရန်နှင့် ဆရာ၊ ဆရာမများကိုလည်း CDM ဆက်လုပ်ကြဖို့ တိုက်တွန်းမှုများရှိနေကြောင်း Online ပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။

မော်လမြိုင်တက္ကသိုလ် ဥပဒေနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးက “ကျောင်းတော့ မတက်ဖြစ်သေးဘူး၊ သူငယ်ချင်းတွေလည်း မတက်သေးတော့ ကိုယ်လည်း မတက်ရဲသေးဘူး၊ ကိုယ့်ကိုယ်ကို မလုံခြုံဘူးလို့ခံစားရတယ် အာ့ကြောင့် ရွာမှာပဲ မိဘတွေကိုဝိုင်းကူပြီး နေနေရတာပေါ့” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် မော်လမြိုင်တက္ကသိုလ် ဌာနအသီးသီးမှ ဆရာ၊ ဆရာမ ၁၂၆ ဦးကို မေလ ၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က ပြီးခဲ့သည့်မေလ ၆ ရက်နေ့တွင် အမိန့်စာထုတ်ပြန်ခဲ့သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်ပြီးသူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ကြေညာထားပြီး မေလ ၁၁ ရက်မှ ဇွန်လ ၁၄ ရက်အထိ သက်ဆိုင်ရာတက္ကသိုလ်များ၌ ဝင်ခွင့်လျှောက်လွှာများ လက်ခံမည်ဖြစ်ကြောင်း မေလ ၅ ရက်နေ့က ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာမှ ထုတ်ပြန်ကြေညာထားသည်။

တဖက်တွင်လည်း တက္ကသိုလ်/ကောလိပ်များအားလုံး ပြန်လည်ဖွင့်လှစ်ရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်လျှက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၀/၂၀၂၁) သတင်းတွင် ဖော်ပြသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...