UEC နှင့်နိုင်ငံရေးပါတီများ ဒုတိယအကြိမ် ညှိနှိုင်းအစည်းဝေး AFP ပါတီ တက်မည်၊ ANP နှင့် ALD မဆုံးဖြတ်ရသေးဟုဆို

UEC နှင့်နိုင်ငံရေးပါတီများ ဒုတိယအကြိမ် ညှိနှိုင်းအစည်းဝေး AFP ပါတီ တက်မည်၊ ANP နှင့် ALD မဆုံးဖြတ်ရသေးဟုဆို

အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ရေးပါတီများကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ရခိုင့်ဦးဆောင်ပါတီ (AFP) က တက်ရောက်မည်ဖြစ်သော်လည်း ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် မဆုံးဖြတ်ရသေးသလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သို့ ဖိတ်စာရောက်/မရောက်ကို မသိရသေးဟု ပါတီတာဝန်ရှိသူများက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ပါတီ၏ တာဝန်ပေးချက်အရ ရခိုင့်ဦးဆောင်ပါတီ (AFP) တက်ရောက်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က အတည်ပြုပြောသည်။

“တက်ပါမယ်။ ပါတီက ကျနော့်ကို တာဝန်ပေးတဲ့အတွက် ကျနော်တက်မှာပါ။ ပါတီက တာဝန်ပေးထားပြီ၊ အစည်းအဝေးတက်ဖို့ဆိုပြီး စာရင်းပေးထားတယ်။ ပါတီက ရန်ကုန်ကိုလာမယ့်လူ အခက်ခဲရှိလို့လေ၊ ကျနော်က ရန်ကုန်မှာရောက်နေတော့ ကျနော်ကပဲ ပါတီကိုယ်စားတက်ပေးပါဆိုပြီး ဦးကျော်ဇောဦးကလည်းပြောလို့၊ စာရင်းလည်းပေးလိုက်ပါပြီ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ထိုအစည်းအဝေးကို နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမအတွင်း လာမည့် မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံးအနိုင်ရထားသည့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် UEC ထံမှ ဖိတ်စာရောက်ရှိသည်ကို အတည်ပြုသော်လည်း တက်ရောက်မည်/မတက်ရောက်မည်ကို မပြောနိုင်သေးကြောင်း ပါတီဥက္ကဌ ဦးသာထွန်းလှက ဆိုသည်။

“လောလောဆယ် ပါတီရုံးကို ဖိတ်စာရောက်တယ်။ ဒီလောက်ပဲ ပြောလို့ရသေးတယ်။ ကျန်တာ မပြောနိုင်သေးဘူး” ဟု ANP ပါတီဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

နောက်ထပ် ရခိုင်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကို ထိုအစည်းအဝေးကိစ္စနှင့်ဆက်စပ်ပြီး ဆက်သွယ်ကြည့်ရာ ထိုကိစ္စကိုမသိရကြောင်း ပါတီဥက္ကဌ ဦးကျော်မြင့်က ပြောသည်။

“အဲဒါတွေကိုတော့ မသိသေးဘူး။ ရုံးကို ဖိတ်စာရောက်/မရောက်ကိုလည်း မသိသေးဘူး” ဟု ၎င်းကပြောသည်။

လာမည့် မေလ ၂၁ ရက်နေ့တွင် ကျင်းပမည့် UEC အသစ်နှင့် နိုင်ငံရေးပါတီများကြား တွေ့ဆုံညှိနှိုင်းအစည်းအဝေးသည် ဒုတိယအကြိမ်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်သစ် ဖွဲ့စည်းပြီးနောက် ပထမတစ်ကြိမ်ပြုလုပ်ခဲ့သော အစည်းအဝေးကို ANP နှင့် AFP တို့ တက်ရောက်ခဲ့သော်လည်း ALD ပါတီက မတက်ရောက်ခဲ့ဟု သိရှိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...