ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးရုံးကို ဗုံးခွဲ၊ မြို့မရဲစခန်းအား ပစ်ခတ်

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးရုံးကို ဗုံးခွဲ၊ မြို့မရဲစခန်းအား ပစ်ခတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မေလ ၁၁ ရက်နေ့ ည ၇ နာရီခန့်က ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် ကျိုက်ထိုမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်ထို) က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းရက် ၁၀၀ ပြည့်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်ထို) သင်တန်းဆင်းများက ကျိုက်ထိုမြို့နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Online ပေါ်တွင် ရေးသားပြောဆိုနေကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗုံးခွဲတိုက်ခိုက်ခံရစဉ်တွင် ရုံးစောင့်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့အတွင်း ညအချိန်အထိ ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ည ၈ နာရီအချိန်ထိ လိုက်လံပစ်ခတ်မှုကြောင့် ကျိုက်ထို အထက (၂) ကျောင်းအရှေ့တွင် လူငယ် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ကျိုက်ထို လူမှုကယ်ဆယ်ရေးပရဟိတ လူငယ် ၁ ဦး လက်မောင်းကျည်ဆံထိမှန်ကာ ရုံးရှိပစ္စည်းတစ်ချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ပေါင်မြို့နယ်၊ မုတ္တမမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအနီးမှာလည်း မေလ ၁၀ ရက်နေ့ ည ၁၀ နာရီခန့်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ပျက်စီမှုများမရှိခဲ့ပေ။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...