ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မမိုးဆန်းစုကြည်နှင့် NLD ဒု-ဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် လေးဦး ဖမ်းဆီးခံရ

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မမိုးဆန်းစုကြည်နှင့် NLD ဒု-ဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် လေးဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မမိုးဆန်းစုကြည်နှင့် ရခိုင်ပြည်နယ် NLD ဒု-ဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် လေးဦး အဖမ်းခံရကြောင်း တောင်ကုတ်မြို့နယ် NLD မှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

သူတို့ လေးဦးစလုံးမှာ ရန်ကုန်မြို့တွင်နေထိုင်စဉ် တပ်မတော်သားအချို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစိုးလေးအပါအဝင် သုံးဦးမှာ မေလ ၈ ရက်နေ့က ဖမ်းဆီးခံရပြီး မမိုးဆန်းစုကြည်မှာ ယမန်နေ့ မေလ ၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ပြောဆိုသည်။

“ည ၉ နာရီခန့်မှာ ရန်ကုန်မြို့၊ လှည်းတန်းမြို့နယ် နေအိမ်ကနေ မမိုးဆန်းစုကြည်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဦးစိုးလေးနဲ့အတူ သုံးယောက်က မေလ ၈ ရက်နေ့ အဖမ်းခံရတာ။ မမိုးဆန်းစုကြည်က နောက်တစ်ရက် အဖမ်းခံရတာ။ ဖမ်းတဲ့နေ့မတူဘူး။ ဦးစိုးလေးတို့ကို ဖမ်းတဲ့အခါ မိုးဆန်းစုကြည်နေတဲ့နေရာကို နည်းနည်းရိပ်မိသွားတာဖြစ်မယ်ပေါ့။ ဦးစိုးလေးတို့ကတော့ ရန်ကုန်က NLD ရုံးချုပ်မှာ အဖမ်းခံရတာ” ဟု ၎င်းကပြောသည်။

ဦးစိုးလေးနှင့်အတူ ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်၏ မောင်ဖြစ်သူ မောင်ဟိန်းမြင့်ထက်နှင့် ဦးဘမျိုးသိန်းတို့ဖြစ်ပြီး မေလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ဗဟိုဌာနချုပ်ရုံးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“သူနဲ့အတူ အဖမ်းခံရတဲ့အထဲက ဦးဘမျိုးသိန်းဟာ ရခိုင်ကမဟုတ်ပါဘူး။ သူလည်း လွှတ်တော်အမတ်တစ်ယောက်ပါ။ ဖမ်းဆီးပြီးနောက် ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး" ဟု ပြောသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...