မတူပီမြို့ပေါ်သို့လာမည့်သူများ ကျေးရွာထောက်ခံချက်ပါရှိရမည်ဟု စစ်ကောင်စီအမိန့်ထုတ်

မတူပီမြို့ပေါ်သို့လာမည့်သူများ ကျေးရွာထောက်ခံချက်ပါရှိရမည်ဟု စစ်ကောင်စီအမိန့်ထုတ်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ အနီးအနားရှိကျေးရွာများမှ မတူပီမြို့ပေါ်သို့ မည်သည့်အကြောင်းဖြင့်ဖြစ်စေ လာရောက်မည်ဆိုပါက ရပ်/ကျေးထောက်ခံစာပါရှိရမည်ဟု စစ်ကောင်စီကဆိုသည်။

"ကျနော်က မတူပီကို စျေးဝယ်ဖို့သွားတော့ ဗျူဟာကုန်းက လုံခြုရေးကတားတယ်၊ အရင်ကလည်း အမြဲသွားနေကြတာပဲ၊ စစ်တာမေးတာရှိတယ်၊ တခါတလေ ဆိုင်ကယ် Box တွေဖွင့်ခိုင်းတယ်၊ အခုတော့ ထောက်ခံစာပါလားတဲ့၊ ကျနော်ကလည်း ဘာထောက်ခံစားလဲမေးတော့ ငါတို့ ၃ ရက်ရှိပြီ ပြောထားတာ မင်းတို့ မတူပီသွားရင် ကျေးရွာထောက်ခံစာပါရမည် မပါရင် ပြန်လှည့်ရမည်" ဟု မတူပီအနီးနားရှိ ကျေးရွာသားတစ်ဦးက ဆိုသည်။

မတူပီအနားရှိ ငလိုင်၊ ဖနိုင်၊ ထီစောင်းနှင့် ဝေတူးကျေးရွာများမှ ရွာသားများသည် နေ့စဥ်နေ့တိုင်း မတူပီမြို့ပေါ်တွင် သွားရောက်အလုပ်လုပ်ခြင်း စျေးဝယ်သွားခြင်းရှိပြီး အဆိုပါ ထောက်ခံစာယူဆောင်ရမည်ဆိုသည့် ထုတ်ပြန်ချက်ကို သိရှိနားလည်ခြင်းမရှိကြောင်း သိရသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...