ဘုရားသုံးဆူမြို့ အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ဘုန်းတော်ကြီးတစ်ပါး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိ

ဘုရားသုံးဆူမြို့ အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ဘုန်းတော်ကြီးတစ်ပါး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိ

ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ အ.ထ.က ကျောင်းအနီးတွင် ယနေ့နံနက်စောစောပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ဆွမ်းခံဆင်းသည့် ဘုန်းတော်ကြီးတစ်ပါး ညာဘက်လက်မောင်းထိမှန်သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သတင်းရရှိသည်။

“တောင်ခြေတိုင်တစ်ရာကျောင်းက ဘုန်းတော်ကြီးတွေ ဆွမ်းခံဆင်းလာတယ် မနက် ၅ နာရီခွဲကျော်ကျော်လောက်မှာ အဲဒီနေရာအရောက် ပေါက်ကွဲတယ်၊ အထက်တန်းကျောင်း ဆရာမအဆောင်နဲ့ လမ်းဆုံအနီး လမ်းမြေသားဘောင်နံရံဘေးမှာ ဗုံးကိုမြှုပ်ထားပုံရတယ် အဲမှာပေါက်ကွဲတော့ ဘုန်းတော်ကြီး လက်မောင်းနည်းနည်းရှပ်ထိသွားတော့ သွေးနည်းနည်းပါးထွက်တယ် ဆေးရုံမှာ ဆေးသွားထည့်ပြီး ကျောင်းကိုပြန်သွားတယ်” ဟု ကာယကံရှင်နှင့်နီးစပ်သည့် ဘုန်းတော်ကြီးတစ်ပါးက ဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလ ၆ ရက်နေ့ ညပိုင်းအချိန်တွင်လည်း အဆိုပါ ဘုရားသုံးဆူမြို့ အစိုးရအထက်တန်းကျောင်းအနီးအနားမှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်ပညာရေးမှူးရုံးရှေ့နှင့် ဆေးရုံဝင်းနေရာတို့တွင် မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း သတင်းရရှိသည်။

သို့ရာတွင် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ မည်သူမျှ တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုမှုများ မရှိသေးပေ။

September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...