ရေးမြို့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းနေအိမ်အနီး ဗုံးတစ်လုံးပေါက်ကွဲ

ရေးမြို့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းနေအိမ်အနီး ဗုံးတစ်လုံးပေါက်ကွဲ

မွန်ပြည်နယ်၊ ရေးမြို့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းနေအိမ်အနီး ယနေ့နံနက် ၂ နာရီကျော်ခန့်က ဗုံးတစ်လုံးပေါက်ကွဲသဖြင့် အနီးရှိနေအိမ်တစ်ချို့ ပြတင်းမှန်များကွဲအက်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးမျိုးဝင်းက “ညက ၂ နာရီလောက် ကျွန်တော့အိမ်ခေါင်းရင်းမှာ ဗုံးတစ်လုံးလာခွဲသွားတယ်၊ အိမ်အချို့အစအနတွေမှန်ပြီး မှန်တွေကွဲ၊ ထိခိုက်ပျက်စီးမှုရှိတယ်လို့ကြားရတာ စိတ်မကောင်းဖြစ်မိတယ်” ဟု ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

စစ်အာဏာသိမ်းသည့်ကာလမှစတင်၍ ရေးမြို့ပေါ် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ NLD ပါတီတက်ကြွလှုပ်ရှားသူများအား လိုက်လံဖမ်းဆီးနေသဖြင့် ဘေးလွတ်ရာသို့ ဦးမျိုးဝင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နီးစပ်သူများက ပြောသည်။

“အိမ်မှာရှိနေတာက သူငယ်ပြန်ချင်နေတဲ့ အသက် (၉၃) နှစ်ရှိပြီဖြစ်‌တဲ့ ကျွန်တော့်အမေအပါအဝင် မိန်းမသား (၃) ဦးပဲရှိတာ၊ သူတို့က အေးဆေးသမားတွေ၊ မိုးလင်းရင် ဘုရားသွား ဆွမ်းတော်ကပ် ဘုန်းကြီးဆွမ်းလောင်း ဘုရားတရားနဲ့နေသူတွေ ဘာကိုရည်ရွယ်ပြီး လုပ်ကြပါလိမ့်” ဟု ဦးမျိုးဝင်းကဆိုသည်။

အလားတူ ယမန်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က လမိုင်းမြို့နှင့် ဒုံဖီကျေးရွာလမ်းမကြီးအကြား နားလည်မှုဖြင့်ဖွင့်လှစ်ထားသော ကြက်ဝိုင်းတစ်ခုအတွင်း ဗုံးတစ်လုံးပေါက်ကွဲသဖြင့် လူအချို့ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကွန်ရက်ပေါ်ပြန့်နှံ့နေသော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အတူ ရေးမြို့ မြို့နယ်ပညာရေးမှူးရုံးတွင် ဧပြီ ၂၅ ရက်နေ့ နံနက်စောစောပိုင်းက အသံဗုံးတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရုံးခန်းပြူတင်းပေါက်တံခါးလေကာမှန် ၆ ချပ်ကွဲခဲ့သည်။

ထို့ပြင် ရေးမြို့နယ် အဘော်ကျေးရွာအုပ်စုနေ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ ခြံဝင်းအတွင်း၌ ဧပြီ ၂၅ ရက်နေ့က စနက်တံဖြုတ်ထားသော လက်ပစ်ဗုံး ၁ လုံးနှင့် တပ်ဆင်ထားသည့် လက်လုပ်မိုင်း ၂ လုံး တွေ့ရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...