မော်လမြိုင်တက္ကသိုလ် ကျောင်းဆရာ/ဆရာမ ၁၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်း

မော်လမြိုင်တက္ကသိုလ် ကျောင်းဆရာ/ဆရာမ ၁၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်း

မော်လမြိုင်တက္ကသိုလ် ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ (၁၂၆) ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ပြီးခဲ့သည့် မေ ၆ ရက်နေ့က မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က အမိန့်စာထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆရာ/ဆရာမများသည် ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်နေခြင်းတို့ကြောင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (ခ) အရ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တာဝန်ယာယီရပ်ဆိုင်းခဲ့ရာတွင် ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး) (၂) ဦး၊ ပါမောက္ခ (၁) ဦး၊ တွဲဖက်ပါမောက္ခ (၁၂) ဦး၊ ကထိက (၉၃) ဦး၊ လက်ထောက်ကထိက (၁၈) ဦးတို့ပါဝင်ကြောင်း သိရသည်။

အလားတူ မေ ၆ ရက်နေ့တွင်လည်း မော်လမြိုင်နည်းပညာတက္ကသိုလ် ဌာနအသီးသီးမှ ဆရာ/ဆရာမ (၁၀) ဦးကိုလည်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်ခြင်းနှင့် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၇၂ အရ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

သို့ရာတွင် မေလ ၅ ရက်နေ့က မော်လမြိုင်တက္ကသိုလ်တွင် မဟာအတန်းနှင့် စတုတ္ထနှစ်အတန်းတို့ကို စတင်ဖွင့်လှစ်ခဲ့သော်လည်း တက်ရောက်သင်ကြားသည့် ကျောင်းသား/သူဦးရေ အနည်းငယ်မျှသာ တွေ့ရှိခဲ့သည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်တက္ကသိုလ်တွင်လည်း ဆရာ/ဆရာမ (၉၅) ဦးနှင့် စာရင်းကိုင် (၄၉) ဦးတို့ကိုလည်း တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မေလ ၆ ရက်နေ့က အမိန့်စာထုတ်ပြန်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိရသည်။

September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...