စစ်တွေတက္ကသိုလ်က ဆရာ/ဆရာမ ၃၅ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

စစ်တွေတက္ကသိုလ်က ဆရာ/ဆရာမ ၃၅ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

စစ်တွေတက္ကသိုလ်မှ ဆရာ/ဆရာမ ၃၅ ဦးကို အကြောင်းမဲ့ပျက်ကွက်နေသည်ဟုဆိုကာ တာဝန်ရပ်ဆိုင်းလိုက်သည်ဟု သတင်းရရှိသည်။

စစ်တွေတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် စာထဲတွင် ၎င်းဆရာ/ဆရာမ ၃၅ ဦးအား (၃-၅-၂၀၂၁) နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြသည်။

ထုတ်ပြန်သည့် ရုံးအမိန့်စာထဲတွင် အမှတ် (၃၈) အဆင့်မြင့်ပညာဦးစီးဌာန၏ ၅-၅-၂၀၂၁ ရက်စွဲပါ စာအမှတ် အဆင့်မြင့်/စီမံ/ ညွှန်ကြားချက်/၂၀၂၁ (၃၅၅၇) ဖြင့် အကြောင်းကြားစာအရ (၃-၅-၂၀၂၁) ရက်နေ့တွင် ရုံးတက်ရောက်ရန် အောက်ဖော်ပြပါ အကြောင်းမဲ့ပျက်ကွက်နေသူများအား (၃-၅-၂၀၂၁) ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြပါရှိသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံလိုက်ရသူများအထဲတွင် ဒေါ်ရည်မွန်ဦး (တွဲဖက်ပါမောက္ခ၊ အင်္ဂလိပ်စာဌာန)၊ ဒေါက်တာဝင်းမြိုင် (တွဲဖက်ပါမောက္ခ၊ ပထဝီဝင်)၊ ဦးစစ်သူအောင် (ကထိက၊ အဏ္ဍဝါသိပ္ပံ)၊ ဒေါက်တာကျော်မင်းနိုင် (တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာတင်တင်လတ် (ပါမောက္ခ၊ ဒဿနိက)၊ ဒေါ်ယွန်းမှီမှီသင်း (နည်းပြ၊ဒဿနိက)၊ ဒေါက်တာစိုးစိုးသင်း (တွဲဖက်ပါမောက္ခ၊ ရူပဗေဒ)၊ ဒေါက်တာသူဇာအေး (ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာခင်မာယာ (တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာခင်မြင့်အေး (ပါမောက္ခ (ဌာနမှူး)၊ ပထဝီဝင်) စသည့် ဆရာ/ဆရာမများ အပါအဝင် ၃၅ ဦးဖြစ်သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...