စစ်တွေတက္ကသိုလ်က ဆရာ/ဆရာမ ၃၅ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

စစ်တွေတက္ကသိုလ်က ဆရာ/ဆရာမ ၃၅ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

စစ်တွေတက္ကသိုလ်မှ ဆရာ/ဆရာမ ၃၅ ဦးကို အကြောင်းမဲ့ပျက်ကွက်နေသည်ဟုဆိုကာ တာဝန်ရပ်ဆိုင်းလိုက်သည်ဟု သတင်းရရှိသည်။

စစ်တွေတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် စာထဲတွင် ၎င်းဆရာ/ဆရာမ ၃၅ ဦးအား (၃-၅-၂၀၂၁) နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြသည်။

ထုတ်ပြန်သည့် ရုံးအမိန့်စာထဲတွင် အမှတ် (၃၈) အဆင့်မြင့်ပညာဦးစီးဌာန၏ ၅-၅-၂၀၂၁ ရက်စွဲပါ စာအမှတ် အဆင့်မြင့်/စီမံ/ ညွှန်ကြားချက်/၂၀၂၁ (၃၅၅၇) ဖြင့် အကြောင်းကြားစာအရ (၃-၅-၂၀၂၁) ရက်နေ့တွင် ရုံးတက်ရောက်ရန် အောက်ဖော်ပြပါ အကြောင်းမဲ့ပျက်ကွက်နေသူများအား (၃-၅-၂၀၂၁) ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြပါရှိသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံလိုက်ရသူများအထဲတွင် ဒေါ်ရည်မွန်ဦး (တွဲဖက်ပါမောက္ခ၊ အင်္ဂလိပ်စာဌာန)၊ ဒေါက်တာဝင်းမြိုင် (တွဲဖက်ပါမောက္ခ၊ ပထဝီဝင်)၊ ဦးစစ်သူအောင် (ကထိက၊ အဏ္ဍဝါသိပ္ပံ)၊ ဒေါက်တာကျော်မင်းနိုင် (တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာတင်တင်လတ် (ပါမောက္ခ၊ ဒဿနိက)၊ ဒေါ်ယွန်းမှီမှီသင်း (နည်းပြ၊ဒဿနိက)၊ ဒေါက်တာစိုးစိုးသင်း (တွဲဖက်ပါမောက္ခ၊ ရူပဗေဒ)၊ ဒေါက်တာသူဇာအေး (ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာခင်မာယာ (တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာခင်မြင့်အေး (ပါမောက္ခ (ဌာနမှူး)၊ ပထဝီဝင်) စသည့် ဆရာ/ဆရာမများ အပါအဝင် ၃၅ ဦးဖြစ်သည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...