ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် PSI စလောင်းများကို ဖြုတ်ချရန်ညွှန်ကြား

ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် PSI စလောင်းများကို ဖြုတ်ချရန်ညွှန်ကြား

ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် တပ်ဆင်ထားသော PSI စလောင်းများကို ဖြုတ်ချရန်နှင့် ထပ်မံမတပ်ဆင်ကြရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့တွင်လည်း တပ်ဆင်ထားသော PSI စလောင်းများကို ဖြုတ်ချရန်နှင့် မတပ်ဆင်ကြရန် ညွှန်ကြားထားကြောင်း သတင်းရရှိသဖြင့် ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးချမ်းမြေ့စောသို့ ဆက်သွယ်ရာ ဟုတ်မှန်ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။

“PSI စလောင်းတွေကို ဖြုတ်ခိုင်းရတာက အထက်က ညွှန်ကြားတဲ့အတွက် ဖြုတ်ခိုင်းရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် ပြီးခဲ့သော ရက်ပေါင်း ၂၀ ခန့်ကတည်းက PSI စလောင်းများအား ဖြုတ်ပေးကြရန် ကြေညာသွားသည်ဟု ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။

“ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက မြို့ကိုပတ်ပြီးတော့ အသံချဲ့စက်နဲ့အော်တယ်။ မြို့မှာတော့ ဖြုတ်ထားတဲ့သူတွေကလည်း ဖြုတ်ထားကြတယ်။ မဖြုတ်တဲ့သူတွေကလည်း မဖြုတ်ကြသေးဘူး” ဟု ပြောသည်။

အင်တာနက်အား ဖြတ်တောက်ထားသည့်အပြင် PSI စလောင်းများအား ဖြုတ်ခိုင်းသည်မှာ ယခု မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ပတ်သက်၍ အများပြည်သူ မသိရှိစေရန်အတွက် ရည်ရွယ်ဖြတ်တောက်ခြင်းဖြစ်နိုင်ကြောင်း ဦးဖိုးစံက သုံးသပ်ပြောဆိုသည်။

အမ်းမြို့နယ်တွင်လည်း PSI စလောင်းများအား ဖြုတ်ပေးကြရန် ညွှန်ကြားထားသည်ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

သံတွဲမြို့နယ်တွင် ပြည်သူများအသုံးပြုနေသည့် PSI စလောင်းများအား ဖြုတ်ချခြင်းမရှိသေးသော်လည်း စစ်တပ်ပိုင် တန်းလျားနေအိမ်များအပေါ်တွင် တပ်ဆင်ထားသည့် ၎င်းစလောင်းများကို ဖြုတ်ချမှုရှိနေသည်ဟု မျက်မြင် သံတွဲဒေသခံတစ်ဦးက ပြောသည်။

တရားမဝင် ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုမှုများပြုလုပ်ပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအား မသိနားမလည်စွာ ကျူးလွန်ဖောက်ဖျက်ရာ ရောက်မိတတ်ပါကြောင်း၊ ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေ ၅ သိန်း အစရှိသည့် ဗီဒီယိုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်သတင်းစာတွင် ဖော်ပြထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...