မော်လမြိုင် ပညာရေးကောလိပ်နှင့် ရွှေမြိုင်သီရိရပ်ကွက်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

မော်လမြိုင် ပညာရေးကောလိပ်နှင့် ရွှေမြိုင်သီရိရပ်ကွက်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

မော်လမြိုင် ပညာရေးကောလိပ်နှင့် ရွှေမြိုင်သီရိရပ်ကွက် ယာယီဖွင့်လှစ်ထားသော အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့နံနက်စောစောပိုင်းက ပေါက်ကွဲမှု ၂ နေရာဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

နံနက် ၄ နာရီခွဲခန့်က မော်လမြိုင် ပညာရေးကောလိပ်ဆိုင်းဘုတ် အောက်ခြေတွင် ပေါက်ကွဲမှုကြောင့် လွင့်စင်လာသည့်အင်္ဂတေအစများ ညစောင့် လုံခြုံရေးအမျိုးသားတစ်ဦးအား ထိမှန်သဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရသည်။

ထို့အတူ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ရုံးမီးလောင်ခဲ့သဖြင့် ဒိုင်းဝန်ကွင်းလမ်းမကြီးတွင် ယာယီဖွင့်လှစ်ထားသည့် ရွှေမြိုင်သီရိရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးအနီး နံနက် ၅ မိနစ် ၂၀ ခန့်က ပေါက်ကွဲမှုတစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ရာတွင် လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိသော်လည်း နှစ်ပေပတ်လည်၊ အနက်တစ်ပေခွဲရှိ ကျင်းတစ်ကျင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၁၇) ရပ်ကွက်ရှိ အထက (၃) ကျောင်းတွင် ပညာရေးဝန်ထမ်းများ ယနေ့ (မေလ ၄ ရက်နေ့) မွန်းလွဲပိုင်းအချိန်က အစည်းအဝေးကျင်းပပြုလုပ်နေစဉ် ကျောင်းဘေးပတ်ဝန်းကျင်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာနှင့် ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်။

ထို့အပြင် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ကမ္ဘီလာကျေးရွာတွင် မေလ ၃ ရက်နေ့ညပိုင်းက ပါဆယ်ဗုံးတစ်လုံးပေါက်ကွဲသည့်အတွက် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ CDM ရဲဝန်ထမ်း ၃ ဦးနှင့် ခြံပိုင်ရှင် ရွာသားတစ်ဦး စုစုပေါင်း ၅ ဦး အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

မေလ ၂ ရက် ညပိုင်းအချိန်များတွင် သာကေတ၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း Online သတင်းများတွင် တွေ့ရှိရသည်။

စစ်အာဏာသိမ်းပြီး ၃ လပြည့်သည့်ကာလအတွင်း မြန်မာနိုင်ငံတဝန်း မြို့ပေါ်နေရာအသီးသီးတွင် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများကဖော်ပြနေသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...