မေ ၃ ရက်တွင် ဆရာ/ဆရာမများကို ကျောင်းတက်ရန်ညွှန်ကြားမှုမှာ ဇွန်လအတွင်း ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ရည်ရွယ်ဟုဆို

မေ ၃ ရက်တွင် ဆရာ/ဆရာမများကို ကျောင်းတက်ရန်ညွှန်ကြားမှုမှာ ဇွန်လအတွင်း ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ရည်ရွယ်ဟုဆို

ယနေ့ မေလ ၃ ရက်နေ့တွင် ရခိုင်မှ ကျောင်းဆရာ/မများ ကျောင်းပြန်တက်ရန်ညွှန်ကြားမှုမှာ ဇွန်လအတွင်း ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။



အမည်မဖော်လိုသူ ကျောင်းအုပ်ကြီးက “ဟုတ်တယ်။ ဒီနေ့ကျောင်းတက်ရတယ်။ ဆရာတို့ ဇွန်လအတွင်း ကလေးတွေကျောင်းတက်နိုင်အောင်လို့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်သွားဖို့ပါ” ဟု အမည်မဖော်လိုသူ ကျောင်းအုပ်ကြီးက နိရဉ္စရာကိုပြောသည်။



ယနေ့ မေလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ကျောင်းဆရာ/ဆရာမများ သက်ဆိုင်ရာ တာဝန်ကျကျောင်းအသီးသီးသို့ လာရောက်ကြရန် ပြည်နယ်ပညာရေးမှူးက ညွှန်ကြားထားပြီး ဆရာ/ဆရာမများ အများစုမှာ ကျောင်းသို့ရောက်ရှိလာကြသည်ဟု သိရသည်။



၎င်းအခြေခံပညာစာသင်ကျောင်းများကို ဇွန်လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ဖို့ ဆရာ/မများ ကျောင်းပြန်တက်ရခြင်းဖြစ်ကြောင်း ဆိုသည်။



၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် မေလ ၂၄ ရက်မှ မေ ၃၁ ရက်အထိ ကျောင်းအပ်နှံမည့်နေ့အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နီးစပ်ရာ ဆရာ/မများမှတဆင့် သိရှိရသည်။



ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာ၌ တာဝန်ကျနေသည့် ဆရာမတစ်ဦးက “တာဝန်ကျတဲ့ ကျောက်ပြင်ဆိပ်ကို ရောက်ပါပြီ။ ကျောင်းပြန်တက်ရမယ်ဆိုလို့ ရောက်နေတာ” ဟု ပြောသည်။



ကျောင်းဆရာ/မများအနေဖြင့် ယနေ့တွင် ကျောင်းသို့ရောက်ရှိကြောင်း လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး နောက်နေ့များမှာ တာဝန်ခွဲကာ ကျောင်းပုံမှန်တက်ရောက်ရမည်ဖြစ်ကြောင်း ၎င်းကျောင်းအုပ်ဆရာက ပြောကြာသည်။



လက်ရှိ နစကကောင်စီ ပညာဝန်ရေးကြီးဌာနက ထုတ်ပြန်ရာတွင် ၅ နှစ်အရွယ် ကလေးငယ်များကို သူငယ်တန်း (KG) သို့ အပ်နှံရန်နှင့် ၆ နှစ်အရွယ် ကလေးငယ်များကို ပထမတန်း (Grade -1) သို့ အပ်နှံရန်ဖြစ်သည်ဟု ပါရှိသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...