အခြေခံပညာကျောင်းဆရာ/မ အားလုံးကို မေလသုံးရက်နေ့တွင် ကျောင်းသို့လာရောက်ရန် ညွှန်ကြားထားဟုဆို

အခြေခံပညာကျောင်းဆရာ/မ အားလုံးကို မေလသုံးရက်နေ့တွင် ကျောင်းသို့လာရောက်ရန် ညွှန်ကြားထားဟုဆို

အခြေခံပညာကျောင်းဆရာ၊ ဆရာမအားလုံးကို လာမည့် မေလ ၃ ရက်နေ့တွင် သက်ဆိုင်ရာ ကျောင်းများသို့ အချိန်မီလာရောက်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ဆိုသည်။

ယခုကဲ့သို့ လာရောက်ကြရန်အတွက် အခြေခံပညာဦးစီးဌာနမှ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က ညွှန်ကြားစာ ထွက်ရှိပြီးနောက်ပိုင်း  ရခိုင်ပြည်နယ်ရှိ ကျောင်းများအားလုံးကို ယင်းနေ့ကတည်းကပင် ညွှန်ကြားချက်ပေးပို့ပြီး ဖြစ်ကြောင်း သူကပြောသည်။

“စာသင်မှာတော့မဟုတ်သေးဘူး ။ ဆရာမတွေကကျောင်းရောက်ပြီးတော့ ကျောင်းဖွင့်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေဆောင်ရွက်ဖို့အတွက်ပါ။ COVID -19 ကလည်းရှိနေသေးတော့စာသင်ခန်းတွေကို ပြင်ဆင်ရမယ်။ အချိန်ဇယားတွေရေးဆွဲရမယ်။ လာမယ့် ဇွန်လတစ်ရက်နေ့မှာကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက်ပေါ့”ဟု ဦးတင်သိန်းကရှင်းပြသည်။

ထိုသို့ ဆရာဆရာမများကျောင်းသို့ လာရောက်ရမည်ကို လစာထုတ်ပေးသည့်နေ့တွင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှ တစ်ဆင့် မှာကြားပေးသွားမည်ဖြစ်ပြီး ထိုနေ့တွင် မရောက်ရှိသည့် ဆရာဆရာမများကို စာရင်းပြုစုကာ သက်ဆိုင်ရာသို့ တင်ပြပေးသွားရန်ညွှန်ကြားထားကြောင်းကိုလည်း သူကဆိုသည်။

“ညွှန်ကြားချက်တွေမှာ ဇွန်လတစ်ရက်နေ့မှာကျောင်းတွေပြန်ဖွင့်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့အတွက်လို့ ပါပေမယ့် ဘယ်နေ့မှာကျောင်းသားတွေကိုလက်ခံရမယ်ဆိုတာတော့ မပါသေးပါဘူး”ဟု သူက ထပ်ဆင့်ပြောဆိုခဲ့သည်။

မေလ ၃ ရက်နေ့တွင် ကျောင်းသို့ အရောက်လာရန်  ကျောင်းအုပ်ကြီးက ယနေ့(ဧပြီလ- ၂၈ရက်နေ့) နံနက်ပိုင်းက ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း သံတွဲမြို့နယ်မှ အမည်မဖော်လိုသည့် ကျောင်းဆရာမတစ်ဦးကဆိုသည်။

“လစာထုတ်တဲ့ရက်ကျရင် CDM မလုပ်ကြောင်း ခံဝန်ကတိထိုးရမယ် ။ နောက်ပြီး လာမယ့်သုံးရက်နေ့ကို ကျောင်းကို အရောက်လာရမယ်ဆိုပြီး ကျောင်းအုပ်ဆရာမကြီး ဖုန်းဆက်လာပါတယ်။အခါတိုင်းလိုပဲ နှစ်ရက်သုံးရက်ပဲ ကျောင်းမှာနေရမှာလား ။ မေလတစ်လလုံးကျောင်းမှာ နေရမှာလားတော့ မသိပါဘူး။ ဒါပေမယ့် သုံးရက်နေ့ကျောင်းကို အရောက်လာဖို့တော့ ပြောပါတယ်”ဟု ဆိုသည်။

COVID -19 ကြောင့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကျောင်းများကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...