ကျောက်တော်မဟာမုနိဘုရားပရဝုဏ်အတွင်း ရှေးဟောင်းရုပ်တုတစ်ခု တူးဖော်ရရှိ

ကျောက်တော်မဟာမုနိဘုရားပရဝုဏ်အတွင်း ရှေးဟောင်းရုပ်တုတစ်ခု တူးဖော်ရရှိ
Photos - Golden Land Fruit
Photos - Golden Land Fruit

ချစ်အိလှိုင် - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မဟာမုနိဘုရားပရဝုဏ်အတွင်းတွင် ရှေးဟောင်းရုပ်တုတစ်ခု တူးဖော်ရရှိထားကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့ နေ့လယ်  ၂ နာရီခန့်က မဟာမုနိဘုရား၏မြောက်ဘက်စောင်းတန်းအနီးရင်ပြင်ကို တိုးချဲ့ရန်တူးဖော်ရာ အဆိုပါရုပ်တုကို တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်ဟု မဟာမုနိဘုရားဂေါပက ဦးညိုသာလှ ကနိရဉ္စရာ သတင်းဌာနအားပြောသည်။

“မနေ့က ရင်ပြင်တစ်ခုကိုတိုးချဲ့ဆောက်ဖို့ တူးတာ။ အဲဒီမှာ မြေစာပုံကိုပြန်တူးတဲ့အခါပေါ်တာပါ။ သို့လောသို့လောဖြစ်နေကြတယ်။ လောကပါလ နတ်တွေဖြစ်မယ်။ နတ်တော့နတ်ပဲ။ အဖြေအတိအကျတော့ မထွက်သေးဘူး။ အောက်ခြေမပေါ်သေးဘူး။ ဆက်မတူးရဲတော့ဘူး။ ရှေးဟောင်းသုတေသနက ဆက်လုပ်မှာ။” ဟုပြောသည်။

အဆိုပါရုပ်တုသည် အမြင့် ၅ ပေခန့်အရွယ်အစားရှိပြီး တတိယ ဓညဝတီခေတ်နှောင်းပိုင်း အေဒီ ၄ ရာစုခန့်က ရုပ်တုတစ်ခုဖြစ်နိုင်သည်ဟုလည်း ဦးညိုသာလှက ခန့်မှန်းသည်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကမူ သူမအနေဖြင့် မဟာမုနိဘုရားတွင်အချိန်ကာလတစ်ခုထိ တာဝန်ထမ်းဆောင်ဖူးသဖြင့် နတ်ရုပ်များ တွေ့ရှိဖူးကြောင်း၊ ယခုတွေ့ရှိသည့် အရုပ်အား ခရီးလွန်နေသဖြင့် မျက်မြင်မတွေ့ရှိရသေးကြောင်း ပြောသည်။

“မဟာမုနိကတာဝန်ရှိသူတွေကို ဘာရုပ်ထုလဲဆိုတာ ဖုန်းဆက်ပြီးမေးနေတယ်။ ဒါပေမဲ့ မဟာမုနိ ပတ်ပတ်လည်မှာတော့ နတ်ရုပ်တွေဟာအများကြီးရှိတယ်။ မြေမှာမြုပ်နေတာတွေလေ။ ဓညဝတီခေတ်က နတ်ရုပ်တွေ အခုထက်ထိရှိသေးတယ်။” ဟုပြောသည်။

အဆိုပါရုပ်တုနှင့်ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းအား ဆက်သွယ်ရာ ၎င်းတို့ ရှေးဟောင်းသုတေသနအဖွဲ့မှ သွားရောက်ကြည့်ရှုခြင်းမရှိသေးသဖြင့် တိကျစွာမပြောနိုင်ကြောင်းပြောသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...