ဂွမြို့တွင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ဦးရဲခေါင်ညွှန့်အပါအဝင်၄ ဦးအမှု မနက်ဖြန်ရုံးထုတ်စစ်ဆေးမည်

ဂွမြို့တွင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ဦးရဲခေါင်ညွှန့်အပါအဝင်၄ ဦးအမှု မနက်ဖြန်ရုံးထုတ်စစ်ဆေးမည်

ထွန်းခိုင်- အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်အပါအဝင် ၄ ဦး၏ အမှုကို ဧပြီ ၂၉ ရက် မနက်ဖြန်တွင် ဆက်လက် ရုံးထုတ် စစ်ဆေးမည်ဟု သတင်းရရှိသည်။

လက်ရှိတွင် တရားလိုပြသက်သေများကိုသာ စစ်ဆေးနေဆဲဖြစ်သည်ဟု သူတို့၏အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

“အခုကတော့ သက်သေတွေကို စစ်နေတယ်။ အခုကျမလိုက်နေတဲ့ အမှုတွေမှာ ၅၀၅ (က)ရှိတယ်။ ၅၀၅ (ခ) ရှိတယ်။ နောက်သဘာဝဘေးစီမံနဲ့ စွဲထားတာရှိတယ်။ နောက်ငြိမ်းစုစီနဲ့ စွဲထားတာရှိတယ်။ ” ဟုပြောသည်။

ဖမ်းဆီးခံထားရသူ (၄) ဦးမှာ အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ဂွမြို့နယ်မှ ကိုနိုင်လင်းတို့ဖြစ်ကြသည်။

၄င်းတို့ထဲမှာ ကိုနိုင်လင်းအား ၅၀၅ (က)၊ ဦးရဲခေါင်ညွန့်အား ၅၀၅ (ခ)နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ဦးလူနီအား ၅၀၅(ခ)နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ကိုအောင်စိုးမင်းအား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ငြိမ်းစုစီ ပုဒ်မတို့ဖြင့် တရားစွဲဆိုထားကြောင်း ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်ကပြောသည်။

ဆန္ဒပြသူများအား ဖမ်းဆီးထားသည့်အတွက် စိုးရိမ်မိကြောင်း ဦးရဲခေါင်ညွန့်၏ ဇနီးဖြစ်သူ မခင်ထားနွယ်က ပြောသည်။

“သူတို့အခြေအနေက အခုနိုင်ငံရေးအခြေအနေကိုပဲ စောင့်ကြည့်ရမှာလားပေါ့။ သူတို့ကို ဘယ်ပုဒ်မတွေနဲ့ ဘယ်လိုချမှတ်သွားမှာလဲပေါ့။ အဲဒါတွေကိုတော့ စိတ်ပူတယ် ” ဟုပြောသည်။

၄င်းတို့သည် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...