ဖမ်းဆီးခံရခိုင်ကျောင်းသား (၄) ဦး၏အမှု တရားလိုရဲမှူးအား စစ်ဆေး

ဖမ်းဆီးခံရခိုင်ကျောင်းသား (၄) ဦး၏အမှု တရားလိုရဲမှူးအား စစ်ဆေး

ထွန်းခိုင် - ဖမ်းဆီးခံ ရခိုင်တက္ကသိုလ်ကျောင်းသား (၄) ဦး၏ အမှုအား ယနေ့ ရုံးချိန်းတွင် တရားလိုလုပ် တိုင်းကြားထားသော စစ်တွေမြို့နယ်၊ ရဲမှူးဇော်နိုင်အား စစ်ဆေးခဲ့သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ဒီနေ့ရုံးချိန်းမှာတော့ တရားလို ရဲမှူးဇော်နိုင်ကို စစ်တယ်။ ငြိမ်းစုစီရော၊ ၅၀၅ ရော နှစ်မှုလုံးကို စစ်တယ်။ နှစ်မှုလုံးမှာ သူကတရားလိုဖြစ်တဲ့အတွက် နှစ်မှုလုံးကိုစစ်တယ်။ ဒီနေ့ရုံးချိန်းမှာ ထူးခြားတာကတော့ ခွင့်ပြုမိမရဘဲနဲ့ စီတန်းလှည့်လည်တဲ့ဟာကိုပဲ စောင်းပေးပြီးတော့ အပြန်အလှန်မေးမြန်းမှု လုပ်တယ်။ သူတို့တိုင်ချက်မှာလည်း တစ်စုံတစ်ရာခွင့်ပြုချက်မရဘဲနဲ့  စီတန်းလှည့်လည်တယ် ဆိုပြီးတော့ သူတို့တိုင်ချက်မှာပါတယ်။ အဲဒါကိုပဲ စောင်းပေးပြီးတော့ အဓိကမေးလိုက်ပါတယ်။ ” ဟုပြောသည်။

၄င်းတို့ (၄)ဦး၏ အမှုအားဆက်လက်စစ်ဆေးရန် လာမည့် မေလ ၆ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု သူကဆက်ပြောသည်။

ယခုအမှုအား အချိန်တိုအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးစေချင်သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

“ကျနော်တို့ကတော့ မြန်မြန်ဆန်ဆန်စစ်ဆေးပြီးစေချင်ပါတယ်။ တရားသူကြီးအနေနဲ့လည်း ဒီဟာကို အချိန်တိုအတွင်း လုပ်ဆောင်ပေးဖို့တောင်းဆိုချင်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ တရားစွဲဆိုထားတဲ့သူတွေအနေနဲ့လည်း ဒီအမှုကို ဖြေလျော့ပေးစေချင်တယ်” ဟုပြောသည်။

ဖမ်းဆီးခံနေရသော ကျောင်းသားများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဝန်းရံကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ- ရန်ကုန်) တို့ဖြစ်ကြသည််။

၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ပေါ်တွင် ပြည်သူများနှင့်အတူ အစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရကို အလိုမရှိကြောင်း ပိုစတာဗီနိုင်းများကို ကိုင်ဆောင်၍ ချီတက် ဆန္ဒပြမှုပြုလုပ်ခဲ့သောကြောင့် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

၄င်းအပြင် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ပြည်နယ်အစိုးရရုံးရှေ့တွင်  လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့်  ငြိမ်းစုစီပုဒ်မ ၁၉ နှင့်လည်း တရားစွဲဆိုခံထားရကြောင်း သိရှိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...