စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး CDM ပြုလုပ်ပြီး KNU တပ်မဟာ ၁ တွင် ဝင်ရောက်ခိုလှုံ

စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး CDM ပြုလုပ်ပြီး KNU တပ်မဟာ ၁ တွင် ဝင်ရောက်ခိုလှုံ

အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးသည် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် တာဝန်မထမ်းဆောင်နိုင်တော့သည့်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု -CDM တွင် ပါဝင်ပြီး KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင်(တပ်မဟာ -၁)တွင် ဝင်ရောက်ခိုလှုံခဲ့သည်ဟု သိရသည်။

အဆိုပါဗိုလ်မှူးသည် အသက် ၃၆ နှစ်ရှိ ဗိုလ်မှူး ညွန့်နိုင်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့ တိုက်ကြီး မြို့နယ်ဇာတိဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်စစ်အာဏာသိမ်းလက်အောက်တွင် တာဝန်ထမ်း ဆောင်လိုစိတ်မရှိတော့သည့်အတွက် အမှတ်(၇) ခြေလျင်တပ်ရင်းမှ ထွက်ပြီး မတ်လ ၉ ရက်နေ့ကတည်းက ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေထဲလာရောက်ခိုလှုံနေခြင်းဖြစ်သည်ဟု KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။

“ စစ်အာဏာရှင်က လူထုတွေကို ကာကွယ်မယ်ပြောပြီး သတ်ဖြတ်၊ အနိုင်ကျင့်တာရှိတဲ့အတွက် သူက လက်မခံနိုင်ဘူး။ အဲဒါကြောင့် တပ်ကနေထွက်ပြီး ရန်ကုန်မှာပြန်တယ်လို့ပြောတယ်။ ရန်ကုန်မှာနေပြီး CDM သမားတွေကို ကူညီနေတာရှိတော့ သူနေရတာ မလုံခြုံတော့ ကျနော်တို့ဆီကို ရောက်လာတာ” ဟု ပဒိုစောစိုးမြင့်က ပြောသည်။

ဗိုလ်မှူးညွန့်နိုင်သည် ၂၀၀၂ ခုနှစ်၊ ပြင်ဦးလွင် (DSA) ဗိုလ်လောင်းသင်တန်း စစ်တက္ကသိုလ်ကျောင်း  အပတ် စဉ် ၄၈ သင်တန်းတက်ရောက်သူဖြစ်ပြီး သင်တန်းပြီးချိန်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ (၉) လက်အောက်ခံ /ခမရ (၃၇၉) ရခိုင်ပြည်နယ် မင်းပြားမြို့တွင် တာဝန်ကျခဲ့သူဖြစ်သည်ဟု သိရသည်။

လက်ရှိ KNU သထုံခရိုင် (တပ်မဟာ -၁) ထိန်းချုပ်နယ်မြေတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ရဲနှင့် စစ်သားများအပြင် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပါအဝင် ဝင် ရောက်ခိုလှုံသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိသည်ဟု သိရသည်။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...