မူဆယ်မြို့ ဆန္ဒပြသူ (၂၇) ဦး ထက်မနည်း ဖမ်းဆီးထားခံရ

မူဆယ်မြို့ ဆန္ဒပြသူ (၂၇) ဦး ထက်မနည်း ဖမ်းဆီးထားခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသော ပြည်သူ (၂၇)ဦး ထက်မနည်း အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း ၈၀ ကျော်တွင် မူဆယ်မြို့ ဆန္ဒပြပြည်သူများကို အကြမ်းဖက် စစ်ကောင်စီမှ (၂၇) ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း မူဆယ်မြို့ လူမှုကူညီရေးလုပ်ဆောင်နေသည့် သူတဦး က ပြောသည်

“ ကျနော်တို့ ရသလောက် စာရင်းကောက်ထားတော့ မူဆယ်မြို့မှာ ဆန္ဒပြတဲ့လူငယ်တွေ (၂၇) ယောက်လောက်ရှိပြီ ရဲ နဲ စစ်တပ်တွေကဖမ်းသွားတာ။ ဒီထက်များနိုင်တယ်။ ကျနော်တို့ စာရင်းမကောက်နိုင်တာလည်း ကျန်နိုင်သေးတယ်” ဟု လူမှုကူညီရေး လုပ်ဆောင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံသွားသော ၂၇ သည် မူဆယ်မြို့ ရဲစခန်းရှိ အချုပ်ခန်းတွင် ထားရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် စစ်အာဏာရှင် ကျဆုံးရေး တွင် ပါဝင်သည် အမျိုးသား ၂ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ မှ သေနတ်ပစ်သတ်ခဲ့သည်။

ထို၂ ဦးတွင် (၁၅) နှစ် အရွယ် ကျောင်းသား တဦးပါဝင်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးသူ (၇၃၈)ဦးရှိကြောင်း AAPP ထုတ်ပြန်ချက် အရသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...