မူဆယ်မြို့ ဆန္ဒပြသူ (၂၇) ဦး ထက်မနည်း ဖမ်းဆီးထားခံရ

မူဆယ်မြို့ ဆန္ဒပြသူ (၂၇) ဦး ထက်မနည်း ဖမ်းဆီးထားခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသော ပြည်သူ (၂၇)ဦး ထက်မနည်း အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း ၈၀ ကျော်တွင် မူဆယ်မြို့ ဆန္ဒပြပြည်သူများကို အကြမ်းဖက် စစ်ကောင်စီမှ (၂၇) ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း မူဆယ်မြို့ လူမှုကူညီရေးလုပ်ဆောင်နေသည့် သူတဦး က ပြောသည်

“ ကျနော်တို့ ရသလောက် စာရင်းကောက်ထားတော့ မူဆယ်မြို့မှာ ဆန္ဒပြတဲ့လူငယ်တွေ (၂၇) ယောက်လောက်ရှိပြီ ရဲ နဲ စစ်တပ်တွေကဖမ်းသွားတာ။ ဒီထက်များနိုင်တယ်။ ကျနော်တို့ စာရင်းမကောက်နိုင်တာလည်း ကျန်နိုင်သေးတယ်” ဟု လူမှုကူညီရေး လုပ်ဆောင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံသွားသော ၂၇ သည် မူဆယ်မြို့ ရဲစခန်းရှိ အချုပ်ခန်းတွင် ထားရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် စစ်အာဏာရှင် ကျဆုံးရေး တွင် ပါဝင်သည် အမျိုးသား ၂ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ မှ သေနတ်ပစ်သတ်ခဲ့သည်။

ထို၂ ဦးတွင် (၁၅) နှစ် အရွယ် ကျောင်းသား တဦးပါဝင်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးသူ (၇၃၈)ဦးရှိကြောင်း AAPP ထုတ်ပြန်ချက် အရသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...