သံလွင်မြစ်အတွင်း သွားလာသည့်စက်လှေ ထပ်မံပစ်ခတ်ခံရ

သံလွင်မြစ်အတွင်း သွားလာသည့်စက်လှေ ထပ်မံပစ်ခတ်ခံရ

KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ  ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ပေါ်တွင် သွားလာနေသည့် စက်လှေတစ်စီးကို ယနေ့ (ဧပြီ ၂၀) နံနက် ၉ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ ထပ်မံပစ်ခတ်ခြင်းခံခဲ့ရသည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်ခံရသည့် စက်လှေမှာ သောလယ်ထာ့ရွာမှ စက်လှေဖြစ်ပြီး တစ်ဖက်ကမ်းရွာ၌ အလှူလုပ်ရန်အတွက် ကြက်သွားရောက်ပို့ဆောင်စဉ် သံလွင်မြစ်ကမ်းဘေးရှိ အူးသူးထာ့ စစ်ကောင်စီတပ်စခန်းမှ သေနတ်ဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု စက်လှေသမား၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါနေရာကို ဖြတ်သွားပါက တပ်စခန်းထံအသိပေး အကြောင်းကြားရမည်ဟု စစ်ကောင်စီတပ်မှ စက်လှေ သမားအချို့ကို သတိပေးပြောဆိုထားမှုရှိသလို ယနေ့ပစ်ခတ်ခံရသည့်လှေမှာ စက်လှေမောင်းသူမှ သွားရောက် အသိပေးအကြောင်းမကြားရသေးခင်အချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ စက်လှေ မောင်းသူ တစ်ဦးက ပြောသည်။

၎င်းက “ဟိုဘက်ကမ်းမှာ ရိုးရာလက်ချည်ဖို့ကြက်သွားပို့တာ သူသွားတာက သူ့သူငယ်ချင်း ထိုင်းစစ်သား တစ်ယောက်လည်းပါတယ် ။ ပစ်တာမထိဘူးလို့တော့ ပြောတယ်။ စက်လှေပစ်ခံရတော့ အဲဒီထိုင်းစစ်သားကို ထိုင်းဘက်ကမ်းမှာ ခဏပြန်ချထားပြီးတော့ စက်လှေသမားက ဗမာစခန်းကိုသွားပြီး သွားမယ့်ကိစ္စ အကျိုး အကြောင်းရှင်းပြရတယ်။ အဲဒီလို သွားအကြောင်းကြားပြီးတော့မှ ပစ္စည်းသွားပို့လို့ရတာ ။ ” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ဒေသတွင်း သွားလာသည့် လှေများကို ကမ်းနံဘေးရှိ အခြေချနေသည့် စစ်ကောင်စီတပ်စခန်းထံ အသိ ပေးအကြောင်းကြားရမှုနှင့် ပတ်သက်၍ ယခင်ကမရှိခဲ့သလို ယခုအချိန်တွင် သွားလာနေသည့် စက်လှေ များ သည် ၎င်းတပ်စခန်းများထံ အသိပေးအကြောင်းခြင်းမလုပ်ဆောင်ပါက စက်လှေကို ပစ်ခတ်မည်ဟု အာဏာ သိမ်းစစ်ကောင်စီတပ်ဘက်မှ စက်လှေသမားများကို ခြိမ်းခြောက်ပြောဆိုထားခြင်းရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် (စနေနေ့)တွင်လည်း အဆိုပါ သံလွင်မြစ်ပေါ်တွင် သွားလာနေသည့် စက်လှေ ၅ စီးကိုလည်း မယ်ခါးထာ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အတွက် ယခုအချိန်တွင် စက်လှေများ ဖြတ်သန်းသွားလာ၍ မရဲကြတော့ကြောင်း သိရသည်။

KNU မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေအတွင်းရှိ သံလွင်မြစ်ကမ်းနံဘေး တစ်လျှောက် သော လယ်ထာ့နေ ရာမှ မယ်နူထာ့အထိ စပ်ကြားတွင် စစ်ကောင်စီတပ်ဘက်မှ ချထားသည့် တပ်စခန်း စုစုပေါင်း ၆ ခုရှိသည်ဟု သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...