မီးလောင်သွားသည့် တိမ်ညိုစစ်ရှောင်စခန်း နေအိမ် ၄၀၀ ဆောက်လုပ်ပြီးစီး

မီးလောင်သွားသည့် တိမ်ညိုစစ်ရှောင်စခန်း နေအိမ် ၄၀၀ ဆောက်လုပ်ပြီးစီး

မီးလောင်ပျက်စီးသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် လူနေအိမ် ၄၀၀ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း နေအိမ်များပြန်လည်ဆောက်ရေးအတွက် အကူညီပေးနေသည့် စာရေးဆရာ ဝေဟင်အောင်ကပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က မီးလောင်းကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် ၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။ မီးလောင်ပျက်စီးသွားပြီးနောက်ပိုင်း အလှူရှင်များ၏ အကူအညီဖြင့် ပြန်လည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိရာ လက်ရှိအချိန်တွင် လူနေအိမ် အလုံး ၄၀၀ ကို တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ဝေဟင်အောင်ကပြောသည်။

“လေးရာမှာ အဓိကလက္ကာရွာသားရယ်၊ အဲဒီနားပတ်ဝန်းကျင်က အောက်သားကန်ရယ်၊ လက္ကာရယ်ကို အဓိက နေရာချထားတယ်။” ဟု စာရေးဆရာဝေဟင်အောင်ကပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် လူနေအိမ်များကို မေလ နောက်ဆုံးအပတ်တွင် အပြီးသတ်တည်ဆောက် သွားမည်ဖြစ်ပြီး လက်ရှိ လူနေအိမ်အလုံး ၅၀ ကိုလည်း ထပ်မံတည်ဆောက်လျှက်ရှိသည်။

ယခင်အိမ်များမှာ နိမ့်သည့်အတွက် လက်ရှိတွင် အိမ်အောက်၌ ချက်ပြုတ်စားသောက်နိုင်ရန် နေအိမ်များကို မြှင့်ကာ ဆောက်လုပ်ထားပြီး လမ်းများကိုလည်း ချဲ့ထွင်ထားကြောင်း စခန်းတာဝန်ခံ ကိုစိုးနိုင်ကပြောသည်။

“အရင်ထက်တော့ အဆင်ပြေသွားတယ်။ အခန်းတွေကလည်း နိမ့်တဲ့အတွက် အခုတော့ အောက်ခန်းမှာလည်း နွေရာသီဆိုရင်နေလို့ရတယ်။ ထမင်းချက်စားဖို့လည်းရတယ်” ဟု ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် လူနေအိမ် ၈၀၀ ကျော်ရှိရာမှ မီးလောင်းကျွမ်းသွားသည့်အတွက် လူနေအိမ် ၆၆၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...