ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်

ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi Mare) ကျေးရွာအနီးတဝိုက်တွင် ဧပြီလ ၁၈ရက်နေ့ ညနေပိုင်း ၅နာရီနာအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ အာဏာသိမ်းစစ်တပ်၏ တပ် စခန်း ၂ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

ကန်ဆီး (Ginsi) ကျေးရွာ၏ အရှေ့ဘက် ၈ မိုင်ခန့် နမ့်ဂျန့် (Nam Jan) ကျေးရွာတွင် တည်ရှိနေသည့် အာဏာသိမ်းတပ်စခန်းတစ်ခုနှင့် ကန်ဆီးကျေးရွာမှ  ၃မိုင်ခန့်ကွာဝေးသော ဂိုင်ဒါးဘွမ့် (Gai Da Bum)၊ တန်းဂေါ်ဘွမ့် (Tang Gau Bum)ရှိ တပ်စခန်း ၂ခုကို သိမ်းယူခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“တိုက်ပွဲဖြစ်တာက မနေ့ည ၅နာရီလောက်ကနေ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ စပြီးကြားရတယ်။ တစ်ညလုံးတိုက်ပွဲ ဖြစ်နေတာ။ နားရင်လည်း ၁နာရီလောက်ဘဲ ပြန်တိုက်နေကြတယ်။ အခုက စစ်တပ်တွေရဲ့ တပ်စခန်း ၂ခုကို သိမ်းယူပြီး နောက်တစ်နေရာမှာပြန်တိုက်နေတယ်”ဟု ပြောဆိုသည်။

လက်ရှိတွင် ဂိုင်ဒါးဘွမ့်နှင့် တန်ဂေါ်ဘွမ့်တောင် ကတ်သလစ်ဆုတောင်းကုန်းအနီးနှင့် ကန်ဆီးဟော (Ginsi Hall) ကျေးရွာတွင်ရှိသော အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများပြန်လည် သိမ်းယူရန် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် ဖားကန့် စစ်တပ်ကုန်း၊ ကန်းဆီးဗျူဟာကုန်းနှင့် ဖားကန့်ဆန်ခါအထက်ရှိ စစ်တပ်ကုန်း ၃နေရာခန့်မှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်းသိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...