ရန်ကုန်ရှိ မျက်မမြင်မိတ်သဟာယကျောင်းဝင်း၌ စစ်ကောင်စီ တပ်စွဲထားသည့်အပေါ် စိုးရိမ်မှုရှိနေ

ရန်ကုန်ရှိ မျက်မမြင်မိတ်သဟာယကျောင်းဝင်း၌ စစ်ကောင်စီ တပ်စွဲထားသည့်အပေါ် စိုးရိမ်မှုရှိနေ

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယကျောင်းဝင်းထဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဧပြီလ ၁၂ရက်နေ့မှစ၍ ဝင်ရောက်ကာ တပ်စွဲထားခဲ့သည်ကို မြင်တွေ့ခဲ့ကြသူများက စိုးရိမ်မှုများရှိနေကြောင်း ၎င်းတို့ ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားကြသည်။

ခေတ်အဆက်ဆက် အစိုးရထံ၌ တရားဝင် မှတ်ပုံတင်ထားပြီး မျက်မမြင် ကျောင်းသူကျောင်းသား ရာနှင့်ချီရှိသည့် မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယကျောင်းမှာ မရမ်းကုန်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဇေယျာလမ်းကြားရှိ ခဝဲခြံရပ်ကွက်တွင် တည်ရှိပြီး ထိုနေ့ည ၇နာရီကျော်က ကျောင်းဝင်းသို့ အသိပေးခြင်းမရှိဘဲ ဝင်ရောက်တပ်စွဲထားခဲ့ ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦး၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ခန့်မှန်းခြေ အင်အား ၇၀ခန့်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ အောက်ခြေတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၂ရက် ညပိုင်းတွင် ကား ၇စီးနှင့် ရောက်ရှိလာကာ ကျောင်းဝင်းထဲကျော်ဝင်ပြီး တပ်စွဲထားသည့်အတွက် နောက်တစ်ရက်တွင် ကိုယ်တိုင် မျက်မမြင်ဖြစ်သူ ကျောင်းအုပ်ဆရာဦးသိန်းလွင်က မည်မျှကြာကြာနေမည်ကို မေးမြန်းရာ နှစ်ပတ်ခန့်နေမည်ဟု ပြန်လည်ပြောကြောင်း သိရသည်။

အွန်လိုင်းပို့စ်တစ်ခုတွင် “အမြင်အာရုံချို့တဲ့သူလေးတွေဆိုတော့ သူတို့သွားလာလှုပ်ရှားနေထိုင်တာဟာ သူတို့အမှတ် အသားနဲ့ သူတို့အထာနဲ့ သူတို့ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် ရေချိုးခန်းအိမ်သာ (မိန်းကလေး/ယောက်ျားလေး သီးသန့်)ကအစ သူတို့အသုံးပြုတဲ့အခါ လွယ်ကူစေမယ့်နည်းလမ်းတွေနဲ့ လုပ်ထားတာပါ။ သာမန်လူတွေထက် လုံခြုံမှု အားနည်းပါတယ်။ အရွယ်ရောက် မိန်းခလေးများအတွက် ပို၍ စိုးရိမ်ရပါတယ်။”ဟု ဖော်ပြထားသည်။

လတ်တလောတွင် မိတ်သဟာယကျောင်း၏ ဝန်ထမ်းများကို လစာမပေးနိုင်ခြင်းသည့်အပြင် ပြန်စရာအိမ်မရှိကြသော ဉာဏ်ရည်အားနည်းကာ အမြင်ချို့တဲ့သည့် ကျောင်းသူကျောင်းသား ၃၆ဦးတို့အတွက် အလှူရှင်များလှူဒါန်းသည့် ဆန်၊ ဆီ ပစ္စည်းများကို ဝေမျှပေးနိုင်သော်လည်း ဟင်းစားများ လိုအပ်လျှက်ရှိသည်ဟု ကိုယ်တိုင်သွားရောက်ခဲ့သူတစ်ဦးက ၎င်း၏အွန်လိုင်းစာမျက်နှာတွင် အသိပေးထားသည်။

ယခုကဲ့သို့ မျက်မမြင်ကျောင်းဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မည်သည့်တပ်ရင်းမှဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း ရန်ကုန်တစ်မြို့လုံးရှိ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၌လည်း အလားတူ တပ်စွဲ ထားခြင်းများရှိကြောင်း မြန်မာမီဒီယာအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ကေအိုင်စီသို့ ပြောဆိုသည်။

၁၉၇၅ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါကျောင်းမှာ ဘာသာရေးအဆောက်အအုံဖြစ်သည်သာမက အမြင်အာရုံ ချို့တဲ့ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပညာသင်ကြားရင်း နေထိုင်ကြသည့်ကျောင်းလည်းဖြစ်ရာ ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် တပ်စွဲထားခြင်းမှာ မဖြစ်သင့်ကြောင်း၊ အလှူရှင်များအနေဖြင့် ကျောင်းဝင်းသို့ ဝင်ထွက်သွားလာနိုင်ရေး တာဝန်ရှိသူများထံ ကြိုတင် ဆက်သွယ်ထားရသည်ဟုလည်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...