ဘုရားသုံးဆူမြို့ လမ်းလျှောက်ပရိတ်ရွတ်ပွဲအပြီးတွင် ပါဝင်သူတစ်ဦး ဖမ်းဆီးခံရ

ဘုရားသုံးဆူမြို့ လမ်းလျှောက်ပရိတ်ရွတ်ပွဲအပြီးတွင် ပါဝင်သူတစ်ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ဧပြီ ၁၇ ရက် သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့၌ ဒေသခံလူထုများ ပြုလုပ်သည့် လမ်းလျှောက် ပရိတ်ရွတ်ပွဲအပြီးတွင် ပါဝင်သူတစ်ဦးကို အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များက ညနေ ၅ နာရီဝန်းကျင်တွင် အင်အားသုံး ဖမ်းခေါ်သွားသည်ဟု သိရသည်။

မြန်မာ့နှစ်ဆန်း ၁ ရက်နေ့တွင် ဘုရားသုံးဆူ၌ နှစ်စဉ်နှစ်တိုင်းရဟန်းသံဃာများနှင့် ပရိတ်ရွတ်ပွဲပြုလုပ်လေ့ရှိပြီး ပရိတ်ရွတ်ပြီးချိန် ပရိတ်အိုး၊ ပန်းအိုးများ ပြန်လည်သိမ်းဆည်းစဉ် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ချိန်ပြီး ကိုသိန်းစံဆိုသူအား ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ဒီနေ့ ကျနော်တို့ ၃ နာရီခွဲလောက်ကနေ ထွက်လာတယ်။ ဒီနေ့ နှစ်ဆန်း ၁ ရက်နေ့ဆိုတော့ ဘုန်းကြီး ၂၁ ပါးနဲ့ ပရိတ်ရွတ်ဖို့ပေါ့နော်။ ရွတ်ပြီးတာနဲ့ သူတို့ကအဖွဲ့အစည်းနဲ့ ကားတွေရောက်လာပြီးတော့ ကိုသိန်းစံကို ချက်ချင်း ဖမ်းသွားတယ်။”ဟု သူက ပြောသည်။

ကိုသိန်းစံကို အရပ်ဝတ်ရဲများ ဝင်ရောက်ဖမ်းဆီးစဉ် အနီးအနားရှိသူများမှ ကြိုးစားဝိုင်းဆွဲသော်လည်း ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ရန်ချိန်ရွယ်သည့်အတွက် ၎င်းတို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ဆက်ပြောသည်။

လက်ရှိတွင် ကိုသိန်းစံကို မည်သည့်အကြောင်းကြောင့်ဖမ်းဆီးခေါ်သွားသည်ကို မသိရသော်လည်း ၎င်းကို ဘုရားသုံးဆူရဲစခန်းရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားရှိသည်ဟု မိသားစုဝင်များက ပြောသည်။ လွန်ခဲ့သည့် မတ်လတွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် လူငယ် ၄ ဦးကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ယနေ့ ဧပြီ ၁၇ရက်နေ့တွင် ပြုလုပ်သည့် ဘုရားသုံးဆူမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းကို လည်း စစ်ကောင်စီလက်နက်ကိုင်တပ်များဖြစ်သည့် စစ်တပ်နှင့်ရဲများက လိုက်လံဖြိုခွင်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့ သော်လည်း သပိတ်စစ်ကြောင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု ဦးဆောင်သူများက ပြောသည်။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...