မီဇိုရမ်နာမည်ကြီးရုပ်သံနှစ်ခုမှ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုအတွက် အလှူခံရရှိငွေ ရူပီး ၂၃ သိန်းကျော်အား အဖွဲ့အစည်းများထံ ပြန်လည်လှူဒါန်း

မီဇိုရမ်နာမည်ကြီးရုပ်သံနှစ်ခုမှ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုအတွက် အလှူခံရရှိငွေ ရူပီး ၂၃ သိန်းကျော်အား အဖွဲ့အစည်းများထံ ပြန်လည်လှူဒါန်း

မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ နာမည်ကြီး ရုပ်သံနှစ်ခုဖြစ်သည့် ZONET နှင့် LPS မှ တိုက်ရိုက်ထုတ်လွှင့် အလှူခံမှုမှ ရရှိထားသည့် ရူပီး ၂၃ သိန်းကျော် (မြန်မာ‌ငွေ ၄၃၇ သိန်းကျော်)အား မြန်မာ့အရေးအတွက် လှုပ်ရှားပေးနေသည့် အဖွဲ့အစည်းများထံ ပြန်လည်လှူဒါန်းသည့် အခမ်းအနားအား ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ZONET နှင့် LPS မှ ပြန်လည် လှူဒါန်းပေးလိုက်သည့် အဖွဲ့အစည်းများမှာ မီဇိုရမ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များနှင့် CDM ဝင်ဝန်ထမ်းများအား အဓိက ကူညီဆောင်ရွက်ပေးနေသည့် NGO United for Democratic Myanmar ထံ ရူပီး ၁၀ သိန်း၊ မီဇိုရမ်အနှံ့တွင်ရောက်ရှိနေသည့်စစ်ရှောင် ဒုက္ခသည်မျာအား ကူညီပေးနိုင်ရန် Central Young Mizo Association (CYMA) ထံ ရူပီး ၁၀ သိန်း၊ မြန်မာနိုင်ငံဘက်အတွက် လွှဲပေးရန် ရူပီး ၃ သိန်းကျော်တို့အား လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မီဇိုရမ်နာမည်ကြီးအဆိုတော် VanlalSailova မှ ဒူဘိုင်းတွင်ရောက်ရှိနေသည့် Salaival Fan များမှ လှူဒါန်းငွေ ရူပီး ၄၂၀၀၀ အား အဆိုပါ အခန်းအနားတွင်ပင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မီဇိုရမ် နာမည်ကြီးရုပ်သံများဖြစ်သည့် ZONET နှင့် LPS ရုပ်သံလိုင်း နှစ်ခုမှ မြန်မာနိုင်ငံအရေးနှင့် မီဇိုရမ်ရောက် မြန်မာစစ်ရှောင်ဒုက္ခသည်များအတွက် ၎င်းတို့ ရုပ်သံလိုင်းများနှင့် လူမှုကွန်ယက်စာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့်ကာ အလှူခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...