မတူပီမြို့တွင် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် တက္ကသိုလ်ကျောင်းသား ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

မတူပီမြို့တွင် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် တက္ကသိုလ်ကျောင်းသား ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဖက်အဖွဲ့အစည်းမှဦးဆောင်သူများအပါ အဝင် တက္ကသိုလ်ကျောင်းသား ၁၀ ဦးထက်မနည်းကို ဧပြီလ ၇ ရက်ညနှင့် ၈ ရက်နေ့တွင် ဖမ်းဆီးသွားသည်ဟု သိရသည်။

ဧပြီလ ၇ ရက်ည ၁၀ နာရီဝန်းကျင်ခန့်တွင် တက္ကသိုလ်ကျောင်းသား ၄ ဦး အဖမ်းခံခဲ့ရပြီး ယနေ့ ဧပြီလ ၈ ရက်နေ့တွင် နောက်ထပ်တက္ကသိုလ်ကျောင်းသား ၃ ဦးနှင့် အရပ်ဖက်အဖွဲ့အစည်းတွင်ပါဝင်သူ ၄ ဦး စုစုပေါင်း ၁၁ ဦးခန့် အဖမ်းခံရ သည်ဟု မတူပီဒေသခံလူငယ်တစ်ဦးထံမှသိရသည်။

“ မနေ့ည ၄ ယောက်၊ သူငယ်ချင်း အိမ်သွားလည်ပြီး ရဲတွေက ဝိုင်းပြီးတော့မှ ဖမ်းလိုက်တာ ၁၀ နာရီ ခွဲ ၁၁ နာရီလောက်၊ ဒီမနက်မှာ ထပ်ဖမ်းတယ်ဆို တော့ ၁ဝဦးထက်မနည်းပေါ့၊ အရပ်ဖက်အဖွဲ့အစည်းဖက်မှာ တက်ကြွလှုပ်ရှားတွေပေါ့၊ ဒလန်က လိုက် ပြတဲ့ အိမ်တွေဆို သူတို့ဝင်ဆွဲတယ်၊” ဟု မတူပီဒေသခံလူငယ်ကပြောသည်။

ယမန်နေ့ညက အဖမ်းခံရသူ(၄) ဦးမှာ နောင်နောင်၊ တိုက်တပ်စ်၊ တိမောသေ နှင့် ဂျွန်အားထာ တို့ဖြစ်ပြီး ယနေ့မနက်ပိုင်း ထပ်မံအဖမ်းခံရသူများ၏ အမည်များကိုမူမသိရသေးပေ။

ယခုအဖမ်းခံရသူအများစုမှာ တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှု တို့တွင် ပါဝင်ကြသည်ဟု သံသယရှိသောကြောင့် ရဲနှင့် စစ်တပ်က ဖမ်းဆီးခြင်းဖြစ်သည်ဟု ယူဆရသည်။

၎င်းတို့ကို မတူပီရဲစခန်းတွင်ထားရှိကာ ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် မတူပီမြို့ ဘာသာရေး ခေါင်းဆောင်များ ဘက်မှ ယနေ့မနက်က သွားရောက်ညှိနှိုင်း မှုများရှိခဲ့သော်လည်း  ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။

 

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...