ကျောက်ဖြူမြို့နယ်တွင် ငါး/ပုဇွန်ဈေးနှုန်း ထက်ဝက်ကျော် ကျဆင်း

ကျောက်ဖြူမြို့နယ်တွင် ငါး/ပုဇွန်ဈေးနှုန်း ထက်ဝက်ကျော် ကျဆင်း

တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကျောက်ဖြူမြို့နယ်တွင် ငါး/ပုဇွန်ဈေးနှုန်းများမှာ ယခင် မူလဈေးနှုန်းမှ ထက်ဝက်ကျော်ခန့် ကျဆင်းလာနေသည်ဟု ငါး၊ ပုစွန်လုပ်ငန်းရှင်များက ပြောသည်။

ယခင်က ဈေးနှုန်း ၈၀,၀၀၀ သောင်းကျော်ရှိခဲ့သည့် ကျောက်ပုစွန် တစ်ပိဿာကို လက်ရှိတွင် ၃၀,၀၀၀ ကျော်သာ ရရှိပြီး ငါးသတစ်(ကကတစ်) တစ်ပိဿာကို ယခင်က ဈေးနှုန်း ၁၀,၀၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိတွင် ၆,၀၀၀ ကျော်အထိ ကျဆင်းသွားကြောင်း ပြောသည်။

အလားတူ ကင်းပုဇွန်တစ်ကောင်ကို ယခင်က ဈေးနှုန်း ၂၀,၀၀၀ သောင်းကျော်ရှိခဲ့ပြီး လက်ရှိတွင် ဈေးနှုန်း ၈,၀၀၀ ထောင်ခန့်ရှိကာ ဂဏန်း တစ်ပိဿကိုလည်း ယခင်ကဈေးနှုန်း ၁၇,၀၀၀ မှ လက်ရှိတွင် ၈,၀၀၀ ခန့်သာရရှိသဖြင့်  မူလဈေးနှုန်းထက် တဝက်ကျော်ခန့်ကျဆင်းလာနေသည်ဟု အဆိုပါလုပ်ငန်းရှင်များထံမှ သိရသည်။

“ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ဈေးနှုန်းတွေက ကျဆင်းသွားတယ်၊ ထက်ဝက်မက ကျဆင်းသွားတယ်။ သုံးပုံတပုံ လောက်ပဲ ကျန်တယ်။ သဘောက အရင်က လေးသောင်းကျော်လောက်ရတဲ့ဟာဆိုရင် အခု တစ်သောင်းကျော် နှစ်သောင်းလောက်ပဲရတယ်” ဟု ကျောက်ဖြူမြို့မှ ငါး/ပုဇွန်၊ ဂဏန်းရောင်းဝယ်ရေး လုပ်ငန်းရှင် ကိုရွှေလှက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြသည့်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိတွင် ငါး၊ ပုဇွန်၊ ကဏန်းများ ဈေးကောင်းမရသည့်အတွက် အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေကြခြင်းဖြစ်သည်။

ရေလုပ်ငန်းကို အဓိကမှီခိုပြီးလုပ်ကိုင်စားသောက်နေသည့် မြဒေးကျွန်းဒေသခံ ကိုမောင်မောင်သန်းက “ အခု ဆိုရင် ရေလုပ်သားတွေမှာ စားဝတ်နေရေးက လုံးဝက အဆင်မပြေဘူး။ ဆိုတော့ မရှိတာ/ရှိတာတွေကို ထုခွဲရောင်းချပြီး စားသုံးရတဲ့အနေအထားကို ရောက်နေတယ်” ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းက ပုဇွန်၊ ကဏန်းများကို အဓိကတင်ပို့နေသည့် တရုတ်ပြည်မူဆယ်လမ်း ပိတ်ပင်ထားသည့်အတွက် ကဏန်း၊ ပုဇွန်လုပ်ငန်းတင်ပို့ခြင်းများ ကျဆင်းသွားသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...