လှိုင်းဘွဲမြို့တွင် ကိုဗစ်ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံ

လှိုင်းဘွဲမြို့တွင် ကိုဗစ်ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ကိုဗစ်ရောဂါကာကွယ်ဆေးကို စစ်ကောင်စီ တပ်မိသားစုဝင်များနှင့် ရွာသူရွာသားများအား လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ဧပြီလ ၄ ရက်နေ့မှစ၍ ပထမဆုံးအကြိမ် စတင်ထိုးနှံလျက်ရှိသည်ဟု သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ တစ်ဦးက “ အရင်ဆုံးသူတို့က သွေးပေါင်ချိန်တိုင်းတယ်။ ပြီးတော့ ၃ မိနစ်လောက်နားပြီးမှ ကာကွယ်ဆေးထိုးပေးတယ်။ ဆေးထိုးပြီးတော့ ပုံမှန်အတိုင်းပဲ တခြားဘာမှ မဖြစ်ဘူး။ ”ဟု ယနေ့ ဧပြီ ၆ ရက်နေ့တွင် ကေအိုင်စီ သို့ ပြောသည်။

လှိုင်းဘွဲမြို့တွင် ဧပြီ ၄ ရက်နေ့မှစ၍ ယနေ့ ဧပြီ ၆ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၀၀ ဦးကျော်ရှိပြီဟု တာဝန်ရှိသူများထံမှ သိရသည်။

ကိုးဗစ်ကာကွယ်ဆေးကို ၂ ကြိမ် ထိုးရမှာဖြစ်ပြီး ဒုတိယအကြိမ်ကို လာမယ့် မေလတွင်ထိုးနှံမည်ဖြစ်ကြောင်းသိရသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...