လှိုင်းဘွဲမြို့တွင် ကိုဗစ်ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံ

လှိုင်းဘွဲမြို့တွင် ကိုဗစ်ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ကိုဗစ်ရောဂါကာကွယ်ဆေးကို စစ်ကောင်စီ တပ်မိသားစုဝင်များနှင့် ရွာသူရွာသားများအား လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ဧပြီလ ၄ ရက်နေ့မှစ၍ ပထမဆုံးအကြိမ် စတင်ထိုးနှံလျက်ရှိသည်ဟု သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ တစ်ဦးက “ အရင်ဆုံးသူတို့က သွေးပေါင်ချိန်တိုင်းတယ်။ ပြီးတော့ ၃ မိနစ်လောက်နားပြီးမှ ကာကွယ်ဆေးထိုးပေးတယ်။ ဆေးထိုးပြီးတော့ ပုံမှန်အတိုင်းပဲ တခြားဘာမှ မဖြစ်ဘူး။ ”ဟု ယနေ့ ဧပြီ ၆ ရက်နေ့တွင် ကေအိုင်စီ သို့ ပြောသည်။

လှိုင်းဘွဲမြို့တွင် ဧပြီ ၄ ရက်နေ့မှစ၍ ယနေ့ ဧပြီ ၆ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၀၀ ဦးကျော်ရှိပြီဟု တာဝန်ရှိသူများထံမှ သိရသည်။

ကိုးဗစ်ကာကွယ်ဆေးကို ၂ ကြိမ် ထိုးရမှာဖြစ်ပြီး ဒုတိယအကြိမ်ကို လာမယ့် မေလတွင်ထိုးနှံမည်ဖြစ်ကြောင်းသိရသည်။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...