ပြည်သူ ၅၀၀ ကျော်သေဆုံးမှုအတွက် နိုင်ငံတော်ကောင်စီ တာဝန်ယူရမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

ပြည်သူ ၅၀၀ ကျော်သေဆုံးမှုအတွက် နိုင်ငံတော်ကောင်စီ တာဝန်ယူရမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ပြည်သူ ၅၀၀ ကျော် သေဆုံးမှုအတွက် တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူရမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

NCA – S EAO မှ ဖွဲ့စည်းထားသည့် PPST အဖွဲ့မှာ ယနေ့ ဧပြီလ ၃ ရက်နေ့ Video Conferencing ဖြင့် အစည်းအဝေးပြုလုပ်နေပြီး ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အမှာစကား၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်းရေးကာလအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် ကျဆုံးသွားသွားခဲ့ကြသည့် ကလေးငယ်များ၊ ဆယ်ကျော်သက်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူပေါင်း (၅၀၀) ကျော်အတွက် တပ်မတော်ခေါင်းဆောင်များက တာဝန်ယူရမည့် အပြင် ပြည်သူလူထုက စီရင်ပေးသည့် ပြစ်ဒဏ်ကို မလွဲမသွေခံယူရမည်ဟု အမှာစကား၌ပါရှိသည်။

တပ်မတော်မှ တစ်လတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားမည်ဟု ကြေညာထားသည့်အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော ပြည်သူလူထုများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်းများ ဆက်လက်မလုပ်ရန် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

KNU နယ်မြေအတွင်းရှိ ကျေးရွာများကို တပ်မတော်မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲချခြင်းကြောင့် ကရင်တိုင်းရင်းသားများမှာ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် နေရပ်စွန့်ခွာခဲ့ရသူများရှိနေ၍ ယင်းဖြစ်ရပ်အတွက် PPST မှ ကန့်ကွက်ရှုတ်ချထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ပြန်လည်သုံးသပ်ခြင်းနှင့် နွေဦးတော်လှန်ရေး ဆင်နွှဲနေသည့် CDM လှုပ်ရှားသူများ၊ CRPH တို့ဖြင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်း သွားမည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖမ်းဆီးခံရသူများအားလုံး ချက်ချင်းပြန်လွတ်မြောက်ရေးအတွက် တောင်းဆိုနေသည့် ပြည်သူများနှင့်အတူ PPST မှ ခိုင်မာစွာ ရပ်တည်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

ယင်းအပြင် ကုလသမဂ္ဂအဖွဲ့မှလည်း မြန်မာ့အကျပ်အတည်းကို အဆောတလျင် အဖြေရှာရန် အရေးကြီးကြောင်းနှင့် မတ် ၂၉ ရက်နေ့က သေဆုံးသူအရေအတွက် အများဆုံးဖြစ်ခဲ့မှုကို လုံးဝလက်သင့်ခံနိုင်စရာ မရှိကြောင်းနှင့် နိုင်ငံတကာမှ တစ်စုတစ်စည်းတည်း ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ကြရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် အရပ်သားပြည်သူ ၅၁၀ သေဆုံးမှုအနက် ၄၀ ကျော်မှာ ကလေးများဖြစ်နေ၍ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရမည်ဟု World Vision က ဆိုသည်။

လုံခြုံရေးကောင်စီအား နောက်ထပ်ခြေလှမ်းများလှမ်းရန်နှင့် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူလူထုအပေါ် ရက်စက်သည့် ရာဇဝတ်မှုများ ကျူးလွန်နေခြင်းမှ ကာကွယ်ရန်တာဝန်ကို ထိန်းသိမ်းရေး အရေးတကြီးဆောင်ရွက်ရန် အထူးအကြံပေးပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...