တမူးတွင် ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်းမီးလောင်ပြီး မီးသတ်ခန်းတစ်ခုအား ပြည်သူများသိမ်းဆီး

တမူးတွင် ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်းမီးလောင်ပြီး မီးသတ်ခန်းတစ်ခုအား ပြည်သူများသိမ်းဆီး

Benezer – စစ်ကိုင်းတိုင်း တမူးမြို့တွင် ဧပြီလ ၃ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီတပ်များ၏ ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်း မီးလောင်ခဲ့ပြီး နယ်မြေမီးသတ်စခန်းကို ပြည်သူများမှ သဲအိတ်ဖြင့်ပိတ်ကာ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တမူးမြို့ရှိ နယ်မြေ ၁၃နဲ့၁၄ ဆက်သွယ်ထားသည့် တံတားအမှတ် ၁၄ ရှိ ရင်ကင်းတဲနှင့် နန်းဖာလုံ ဘုရားကျောင်းပေါက် စစ်တပ်ကင်းစခန်းတို့ မီးလောင်ခဲ့ခြင်းဖြစ်ပြီး တမူး-နန်းဖာလုံကို ဆက်သွယ်ထားသည့် ချောင်းနက်ကြီး မြို့မ ၁၄ သံဘောင်ဘေလီ သစ်သားတံတား မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး မီးလောင်သည့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။

ထို့ပြင် မြို့မ ၁၃ နန်းဖာလုံဈေးအနီးရှိ နယ်မြေမီးသတ်စခန်းကိုလည်း သဲအိတ်များဖြင့် ပိတ်ဆို့ကာ ပြည်သူများမှ သိပ်းပိုက်လိုက်ကြောင်းသိရသည်။

တမူးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့ကလည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့မ ၁၄ နန်းဖာလုံနယ်မြေ ၁၃ မီးသတ်စခန်းကို CDM ဝင်သည့် ရဲတပ်သားတစ်ဦး ဦးဆောင်သည့်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးခဲ့ပြီး သွားရောက်တိုက်ခိုက်ခဲ့သည့် CDM ရဲတစ်ဦး ကျဆုံးခဲ့သည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...