တမူးတွင် ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်းမီးလောင်ပြီး မီးသတ်ခန်းတစ်ခုအား ပြည်သူများသိမ်းဆီး

တမူးတွင် ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်းမီးလောင်ပြီး မီးသတ်ခန်းတစ်ခုအား ပြည်သူများသိမ်းဆီး

Benezer – စစ်ကိုင်းတိုင်း တမူးမြို့တွင် ဧပြီလ ၃ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီတပ်များ၏ ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်း မီးလောင်ခဲ့ပြီး နယ်မြေမီးသတ်စခန်းကို ပြည်သူများမှ သဲအိတ်ဖြင့်ပိတ်ကာ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တမူးမြို့ရှိ နယ်မြေ ၁၃နဲ့၁၄ ဆက်သွယ်ထားသည့် တံတားအမှတ် ၁၄ ရှိ ရင်ကင်းတဲနှင့် နန်းဖာလုံ ဘုရားကျောင်းပေါက် စစ်တပ်ကင်းစခန်းတို့ မီးလောင်ခဲ့ခြင်းဖြစ်ပြီး တမူး-နန်းဖာလုံကို ဆက်သွယ်ထားသည့် ချောင်းနက်ကြီး မြို့မ ၁၄ သံဘောင်ဘေလီ သစ်သားတံတား မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး မီးလောင်သည့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။

ထို့ပြင် မြို့မ ၁၃ နန်းဖာလုံဈေးအနီးရှိ နယ်မြေမီးသတ်စခန်းကိုလည်း သဲအိတ်များဖြင့် ပိတ်ဆို့ကာ ပြည်သူများမှ သိပ်းပိုက်လိုက်ကြောင်းသိရသည်။

တမူးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့ကလည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့မ ၁၄ နန်းဖာလုံနယ်မြေ ၁၃ မီးသတ်စခန်းကို CDM ဝင်သည့် ရဲတပ်သားတစ်ဦး ဦးဆောင်သည့်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးခဲ့ပြီး သွားရောက်တိုက်ခိုက်ခဲ့သည့် CDM ရဲတစ်ဦး ကျဆုံးခဲ့သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...