ကျောက်တော်မြို့နယ်တွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ သားအမိသုံးဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်ရ

ကျောက်တော်မြို့နယ်တွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ သားအမိသုံးဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်ရ

ထွန်းခိုင် - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာတွင် ယနေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က စစ်လက်နက် ကြွင်းကျန်ပစ္စည်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီး သားအမိ (၃) ဦးသေဆုံးသွားခဲ့ကာ အကြီးဆုံးသားမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသူများမှာ မိခင်ဖြစ်သူ ဒေါ်အေးအေးသိန်း အသက် (၃၅)နှစ်၊ သားလတ် မောင်ကိုကိုလင်း အသက် (၅)နှစ်၊ သားငယ် မောင်ဆန်းဝင်း အသက် (၂) နှစ်တို့ဖြစ်ကြပြီး သားကြီး မောင်ဝေယံလင်း အသက် (၇) နှစ်တွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ကျောက်တော်အခြေစိုက် ဖြူစင်မေတ္တာပရဟိတအသင်းမှ ကိုဇော်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ ဖြစ်စဉ်ကတော့ ကျနော်တို့လေ့လာစုံစမ်းလို့ ရတာကတော့ ကလေးငယ်တစ်ဦးက ဗုံးသီးလို့ ယူဆရတဲ့ စစ်လက်နက်ကြွင်းကျန် ပစ္စည်းတစ်ခုကို တောထဲက ကောက်ယူခဲ့တယ်။ အဲဒါကို အိမ်ကို ရောက်တော့ ထုခွဲကစားတယ်လို့ သိရတယ်။ ပွဲချင်းပြီးကတော့ သားအငယ်သေသွားတယ်။ ကျနော်တို့ကလည်း သတင်းကြားတာနဲ့ အချိန်နဲ့ တပြေးညီသွားယူတယ်။ သွားယူတဲ့အခါမှာ စိတ်မကောင်းစွာနဲ့ပဲ လမ်းမှာနှစ်ယောက်ထပ်ဆုံးသွားတယ်။ လမ်းမှာဆုံးသွားတာကတော့ အမိဖြစ်သူနဲ့ သားအလတ်သူ ဖြစ်ပါ” ဟုပြောသည်။

သားကြီးဖြစ်သူ မောင်ဝေယံလင်းမှာလည်း ကျောကုန်းနှင့် ဘယ်ဖက်ခြေထောက်တို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး လက်ရှိအချိန်တွင် ကျောက်တော်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သူကဆက်ပြောသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...