ပလက်ဝမြို့မှ AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ နှစ်ဦးလွတ်မြောက်

ပလက်ဝမြို့မှ AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ နှစ်ဦးလွတ်မြောက်

ဆောင်းဇာခြည် — ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံထားရသူ နှစ်ဦး ယနေ့ နေ့လယ်က လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူ နှစ်ဦးမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ မောင်စိုးကျော်လင်း (၁၇ နှစ်) နှင့် သူ၏ ယောက်ဖ တော်စပ်သူ ကိုထွန်းလင်းကျော် (၂၉ နှစ်) တို့ဖြစ်သည်။

၄င်းတို့နှစ်ဦးကို ပြစ်မှုထင်ရှားခြင်းမရှိ၍ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း မောင်စိုးကျော်လင်း၏ မိခင် ဒေါ်မကျော့နုက ပြောသည်။

“သူတို့ အခုပဲ ပြန်လွတ်ပါပြီ။ ကျန်းကျန်းမာမာပြန်လွတ်ပါတယ်။ အပြစ်မရှိလို့ ပြန်လွတ်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခု ကျွန်မတို့ ရဲစခန်းမှာပဲ ရှိသေးတယ်။ ဖုန်းအကြာကြီး ပြောလို့ အဆင်မပြေသေးဘူး” ဟု ပြောသည်။

၄င်းတို့နှစ်ဦးမှာ ယနေ့ ဧပြီလ ၁ ရက်နေ့ ၁၈ ကြိမ်မြောက်ရုံးချိန်းတွင် လွတ်မြောက်လာခြင်းဖြစ်ကြောင်း ပလက်ဝမြို့မှ လူမှုရေးလှုပ်ရှားနေသူ ကိုတင်ထွန်းအောင်က ပြောသည်။

“လွတ်ပါပြီ။ အပြီးလွတ်တာပေါ့နော်။ ဒီနေ့ သူတို့ ၁၈ ကြိမ်မြောက် ရုံးချိန်းပေါ့။ ဒီနေ့မှာပဲ ပြန်လွတ်တာပါ။ သူတို့ကို အေအေ သံသယနဲ့ ဖမ်းခဲ့တာပေါ့” ဟု ပြောသည်။

၄င်းတို့ နှစ်ဦးအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပလက်ဝမြို့အခြေစိုက် (၂၈၉) တပ်ရင်းက အေအေအဖွဲ့ဝင် ဖြစ်သည်ဟု စွပ်စွဲချက်မြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...