သီပေါ ဆန္ဒပြစစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ် မီးရှို့သရုပ်ပြ

သီပေါ ဆန္ဒပြစစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ် မီးရှို့သရုပ်ပြ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် တိုင်းရင်းသား လူမျိုးများ သပိတ်စစ်ကြောင်းသည် ၂၀၀၈ အခြေခံ ဥပဒေ စာအုပ်ကို မီးရှို့ သရုပ်ပြသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဧပြီ (၁) ရက်မနက်ပိုင်း အချိန်တွင် သီပေါမြို့ရှိ တိုင်းရင်းသား လူမျိုးများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ်ကို မီးရှို့သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သပိတ်စခန်းတွင် ပါဝင်သည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“၂၀၀၈ အခြေခံ ဥပဒေဟာ အပြီးသတ် ရှုတ်သိမ်းလိုက်ပြီလို့ ကြေညာတဲ့အတွက်ကြောင့် ဒီမနက်မှာ ကျနော်တို့ ၂၀၀၈ အခြေခံ ဥပဒေ စာအုပ်အစိမ်းကို မီးရှို့တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။” ဟု သီပေါမြို့ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မတ် (၃၁) ရက်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) သည် ၂၀၀၈ အခြေခံ ဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်း ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ထုတ်ပြန်ကြေညာခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ဖေဖော်ဝါရီ (၁) ရက်မှ စတင်ပြီး စစ်တပ်မှ အာဏာလုယူပြီးနောက် တိုင်းရင်းသား သပိတ်စစ်ကြောင်းများသည် စစ်အာဏာရှင် ကျဆုံးရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေး နှင့် ဖမ်းဆီးထားသော နိုင်ငံရေး ခေါင်းဆောင်များကို ချွင်းချက် မရှိ ပြန်လည်လွှတ်ပေးရေး စသည်တို့ကို ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

“ ကျနော်တို့ လူငယ်တွေ တောင်းဆိုတာ တစ်ခုတော့ အောင်မြင်သွားပြီလို့တော့ ပြောလို့ရတာပေ့ါ။ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းဖို့ဆိုတာကိုပေါ့။ ကျန်တဲ့ တောင်းဆိုချက်တွေတော့ ထပ်ပြီး ဆန္ဒဖော်ထုတ်သွားရမှာပါ” ဟု သီပေါလူငယ်တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၂၀၀၈ အခြေခံ ဥပဒေသည် စစ်တပ်ဘက်မှ နိုင်ငံရေးအရ အသာစီးရထားသော ဥပဒေ တစ်ခုဖြစ်ပြီး လွှတ်တော်သုံးရပ်မှာလည်း ရွေးကောက်ခံရန်မလိုပဲ အလိုအလျောက် ၂၅ ရာခိုင်နှုန်း စစ်တပ်ဘက်မှ တပ်မတော်သားကိုယ်စားလှယ် နေရာ ရထားသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...