၂၀၀၈ ဖွဲ့စည်းပုံ CRPH ဖျက်သိမ်းကြောင်း ကြေညာ

၂၀၀၈ ဖွဲ့စည်းပုံ CRPH ဖျက်သိမ်းကြောင်း ကြေညာ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော် မတီ CRPH က ထုတ်ပြန် ပြောဆိုလိုက်သည်။

CRPH က “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်” ဟု ပြောသည်။

မတ်လ ၃၁ ရက်နေ့ည က ထုတ်ပြန်ထားသည့် CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် သည် စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေရန် ရည်ရွယ်ရေးသားထား ရုံမျှမက ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု ပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်သည် ဟု ဆို သည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံသပဒေ ၂၀၀၈ ခုနှစ် ပါ ပြဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော် အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤဖွဲ့ စည်းပုံ ဥပဒေသည် ပျက်ပြယ်ခဲ့ပြီးဖြစ်သည်ဟု CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရန်နှင့် ပြည်သူ့အစိုးရ ပေါ်ပေါက်ရန် CRPH က ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကိုလည်း ရေးဆွဲထားပြီဟု ဆိုသည်။

CRPH ၏ ထုတ်ပြန်ချက်အရ “အာဏာရှင်စနစ် ပပျောက်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပြီး သတ်ဖျက်သိမ်းရေး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပြည်သူ့အစိုးရပေါ်ထွန်းရေး ရည် ရွယ်ချက်များဖြင့် ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြု ပြဌာန်းခဲ့ သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်” ဟု ဆိုသည်။

ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန်၊ တိုင်း ရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနှင့် ကိုယ် ပိုင် ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် ရည်ရွယ်သည်ဟု CRPH က ဆိုသည်။

ထို့အပြင် ပြည်ထောင်စု၏ လူမျိုးများအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရား မျှ တခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှု တို့ ဖြင့် ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်လျက် ဤ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်   (Federal Democracy Charter ) ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မ တီ CRPH က ပြောသည်။

အဆိုပါ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ဖက်ဒရယ်ပြည်ထောင်စု ကြေညာစာတမ်းကို မတ်လ ၃၁ ရက်နေ့ ညက CRPH က ထုတ်ပြန်ခဲ့ပြီး ထိုစာတမ်းထဲတွင် စာမျက်နှာ ၂၀ ပါရှိသည်ဟု သိရသည်။

ထိုအနေအထားများကြောင့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အပြီး သတ် ဖျက်သိမ်းကြောင်း CRPH က ထုတ်ပြန်ကြေညာရခြင်းဖြစ်သည်ဟု ဆိုသော်လည်း နိုင်ငံတော် အာဏာကို လက်တွေ့တွင် တပ်မတော်က ဦးဆောင်သော နိုင်ငံတော် စီမံ အုပ်ချုပ်မှု ကောင်စီမှ ထိန်းချုပ်ထားလျက်ရှိသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...