ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုအမှု လိုပြသက်သေမရောက်၍ လာမည့် ဧပြီလ ၇ ရက်နေ့သို့ ထပ်မံရုံးချိန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုအမှု လိုပြသက်သေမရောက်၍ လာမည့် ဧပြီလ ၇ ရက်နေ့သို့ ထပ်မံရုံးချိန်း

နိုင်ငံတော််အကြည်ညိုပျက်စေမှု ပုဒ်မ၅ဝ၅(ခ)ဖြင့် ဖမ်းဆီးထိမ်းသိမ်းခံထားရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကို ယနေ့ နေ့လယ်က ဗွီဒီယိုအွန်လိုင်းရုံးချိန်း၌  တရားလိုပြသက်သေမရောက်သဖြင့် လာမည့် ဧပြီလ ၇ ရက်တွင် ထပ်မံရုံးချိန်းခေါ်ယူခဲ့ကြောင်း သိရသည်။

တရားလိုပြသက်သေတစ်ဦး ဖြစ်သည့် ယခင် စစ်တွေမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းအား စစ်ဆေးရန် လွန်ခဲ့သည့် မတ်လ ၁၇ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခ) ငြိမ်းချမ်းကပြောသည်။

“ရုံးထုတ်တယ်ပေါ့။ ဟိုဖက်က တရားလိုဖက်က သက်သေမရောက်ဘူး။ သက်သေခေါ်လာဖို့ အဆင်မပြေဘူးဆိုပြီးပေါ့။ မရောက်တာ လိုပြသက်သေက ဦးကျော်သိန်းအပါအဝင် ငါးယောက်ပါ” ဟုပြောသည်။

ဦးညီပုကို လွန်ခဲသည့်ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ညအချိန်တွင် တပ်မတော်သားများက ဂွမြို့နယ်ရှိ၄င်း၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းနောက်ပိုင်း ဦးညီပုအား နို်င်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုခဲ့သည်။ ပုဒ်မ ၅ဝ၅(ခ)သည် ထောင်ဒဏ် ၂ နှစ်ထိချမှတ်နို်င်သည့် ပုဒ်မတစ်ခုဖြစ်သည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...