နမ္မတူမြို့နယ် ပန်သပြေကျေးရွာ စစ်ရှောင် (၄၀၀)ကျော်အတွက် စားနိပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

နမ္မတူမြို့နယ် ပန်သပြေကျေးရွာ စစ်ရှောင် (၄၀၀)ကျော်အတွက် စားနိပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်သပြေကျေးရွာတွင် စစ်ဘေးရှောင် (၄၀၀)ကျော်ရောက်ရှိနေပြီး၊ စစ်ရှောင်အတွက် စားနိပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် မတ် (၂၈)ရက် ညနေ (၃)နာရီမှ စတင်ကာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA ၊ TNLA နှင့် RCSS/SSAတို့ တိုက်ပွဲဖြစ်ပွားပြီးကျေးရွာအတွင်းလက်နက်ကြီး ကျသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

“ ပန်သပြေ မှာ က စစ်ရှောင် (၄၀၂)ယောက်ရှိတယ်။အခက်အခဲကတော့ စားဝတ်နေရေး အတွက် အရေးပေါ် လိုအပ်နေ တယ်” ဟု သီပေါမြို့ မှ စစ်ဘေးရှောင်ကူညီပေးနေသည့် အမျိုးသမီး တဦး က ပြောသ်။

ပန်သပြေကျေးရွာ တွင် ရောက်ရှိနေသည့် စစ်ရှောင်အများစုသည် အသက်အရွယ်ကြီးသည့်သူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

“ အခုက စစ်ရေးတင်းမာနေသေးတယ်။ နမ္မတူမြို့နယ် အပိုင်ဖြစ်ပေမယ့် နမ္မတူကနေ ပန်သပြေကျေးရွာကိုလာလို့မရဘူး။ သီပေါမြို့ ကနေတော့ သွားလို့ရတယ်။ ဒါလည်း အခက်အခဲ တခုပဲ” ဟု ၎င်း အမျိုးသမီး က ဆိုသည်။

ထို့ကြောင့် နမ္မတူမြို့ မှ စစ်ဘေးရှောင် ကော်မတီများအနေဖြင့် ပန်သပြေကျေးရွာ တွင် တိမ်းရှောင်နေသည့် စစ်ရှောင်(၄၀၀)ကျော်အတွက် ပစ္စည်းသွားရောက်ပို့ရန် ခက်ခဲနေကြောင်းလည်း နမ္မတူ စစ်ဘေးရှောင် ကော်မတီ မှ လုံးဘဉာဏ်က ပြောသည်။

“ လမ်းတွေပိတ်ထားတယ်။ သွားလို့မရတော့ စစ်ရှောင်တွေ ကို စားနိပ်ရိက္ခာ သွားပို့လို့မရဘူး” ဟု လုံးဘဉာဏ်က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် မတ် (၂၈)ရက် တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာ အနီးရှိ လက်နက်ကြီး ကျသဖြင့် နေအိမ် (၅)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...