နမ္မတူမြို့နယ် ပန်သပြေကျေးရွာ စစ်ရှောင် (၄၀၀)ကျော်အတွက် စားနိပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

နမ္မတူမြို့နယ် ပန်သပြေကျေးရွာ စစ်ရှောင် (၄၀၀)ကျော်အတွက် စားနိပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်သပြေကျေးရွာတွင် စစ်ဘေးရှောင် (၄၀၀)ကျော်ရောက်ရှိနေပြီး၊ စစ်ရှောင်အတွက် စားနိပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် မတ် (၂၈)ရက် ညနေ (၃)နာရီမှ စတင်ကာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA ၊ TNLA နှင့် RCSS/SSAတို့ တိုက်ပွဲဖြစ်ပွားပြီးကျေးရွာအတွင်းလက်နက်ကြီး ကျသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

“ ပန်သပြေ မှာ က စစ်ရှောင် (၄၀၂)ယောက်ရှိတယ်။အခက်အခဲကတော့ စားဝတ်နေရေး အတွက် အရေးပေါ် လိုအပ်နေ တယ်” ဟု သီပေါမြို့ မှ စစ်ဘေးရှောင်ကူညီပေးနေသည့် အမျိုးသမီး တဦး က ပြောသ်။

ပန်သပြေကျေးရွာ တွင် ရောက်ရှိနေသည့် စစ်ရှောင်အများစုသည် အသက်အရွယ်ကြီးသည့်သူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

“ အခုက စစ်ရေးတင်းမာနေသေးတယ်။ နမ္မတူမြို့နယ် အပိုင်ဖြစ်ပေမယ့် နမ္မတူကနေ ပန်သပြေကျေးရွာကိုလာလို့မရဘူး။ သီပေါမြို့ ကနေတော့ သွားလို့ရတယ်။ ဒါလည်း အခက်အခဲ တခုပဲ” ဟု ၎င်း အမျိုးသမီး က ဆိုသည်။

ထို့ကြောင့် နမ္မတူမြို့ မှ စစ်ဘေးရှောင် ကော်မတီများအနေဖြင့် ပန်သပြေကျေးရွာ တွင် တိမ်းရှောင်နေသည့် စစ်ရှောင်(၄၀၀)ကျော်အတွက် ပစ္စည်းသွားရောက်ပို့ရန် ခက်ခဲနေကြောင်းလည်း နမ္မတူ စစ်ဘေးရှောင် ကော်မတီ မှ လုံးဘဉာဏ်က ပြောသည်။

“ လမ်းတွေပိတ်ထားတယ်။ သွားလို့မရတော့ စစ်ရှောင်တွေ ကို စားနိပ်ရိက္ခာ သွားပို့လို့မရဘူး” ဟု လုံးဘဉာဏ်က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် မတ် (၂၈)ရက် တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာ အနီးရှိ လက်နက်ကြီး ကျသဖြင့် နေအိမ် (၅)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...