ခမရ(၄၀၈)တပ်ဖွဲ့ဝင်များ၏ ကားတိမ်းမှောက် ထိခိုက်သေဆုံးမှုများပြား

ခမရ(၄၀၈)တပ်ဖွဲ့ဝင်များ၏ ကားတိမ်းမှောက် ထိခိုက်သေဆုံးမှုများပြား

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၄၀၈) တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသော စစ်ကားတစ်စီးမှာ မတ်လ ၂၉ရက် နေ့လည် ၁၁နာရီတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခို့နေရာ၌ တိမ်းမှောက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

၎င်းနယ်မြေရှိ KNLA တပ်မှူးတစ်ဦးက “စစ်ကားမှောက်သွားတာ ၄ယောက် ပွဲချင်းပြီး သေတယ်လို့ သိရတယ်။ ကားထဲ မှာ လူအယောက် ၃၀ပါတယ်။ ဒီအထဲမှာ ထိခိုက်မှုမရှိတာ ၂ဦးပဲ။ ကျန်တာတွေက အကုန် ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကားမှောက်သည့်နယ်မြေမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ(၇)နယ်မြေဖြစ်ပြီး စစ်ကောင်စီ၏ ခမရ(၄၀၈)တပ်ဖွဲ့သည် လှိုင်းဘွဲမြို့နယ်မှတဆင့် ကမမောင်းမြို့နယ်ကိုဖြတ်ကာ ကေအဲန်ယူ တပ်မဟာ(၅)သို့ စစ်ကူ အဖြစ် သွားရောက်မည့်သူများဖြစ်ကြောင်းလည်း အဆိုပါတပ်မှူးက ပြောဆိုသည်။

အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခမရ(၄၀၈) မောင်းနှင်လာသည့် ကားနှစ်စီးတွင် စစ်သည်အင်အား ၅၀ ပါရှိပြီး ယင်းသို့ ကားတစ်စီးတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်းဘွဲနှင့် ဖားအံမြို့များဘက်သို့ သယ်ဆောင်သွားရာ လမ်းတွင် ထပ်မံ သေဆုံးမှုများရှိသေးကြောင်းလည်း ကိုယ်တိုင်မြင်တွေ့ခဲ့သူများ၏ ပြောပြချက် များအရ သိရသည်။

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...