ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြဝတီ အမှတ် ၃ ရပ်ကွက်ရုံးရှေ့ လုံခြုံရေးတင်းကြပ်

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြဝတီ အမှတ် ၃ ရပ်ကွက်ရုံးရှေ့ လုံခြုံရေးတင်းကြပ်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရုံးရှေ့တွင် ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရုံးလမ်းရှေ့ နေရာတွင် အတားအဆီးတစ်ချို့ ပြုလုပ်ကာ လုံခြုံရေး တင်းကြပ်ထားကြောင်း ယနေ့ မတ်လ ၂၉ရက် နေ့လည်ပိုင်းက တွေ့ရသည်။

ယမန်နေ့ မတ်လ ၂၈ ရက် ည ၈း၁၀ အချိန်ခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ဗိုလ်တေဇလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့ ရေမြောင်းဖုံးအနီး လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနီး မော်တော်ယာဉ်တစ်စီး ဗုံးစထိမှန်မှု ရှိခဲ့သော်လည်းလူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါ။

အဆိုပါ လက်ပစ်ဗုံးမှာ 38 ဗုံးသီးဖြစ်ပြီး ဆိုင်ကယ်ဖြင့် လူတစ်ဦးမှ လာရောက်ပစ်ခတ်သွား သည်ဟု ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် အခင်းဖြစ်နေရာအနီးရှိ ရပ်ကွက် ရာအိမ်မှုးတစ်ဦးက ပြောသည်။

ယင်းဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ည၁၁နာရီအချိန်ခန့်ကလဲ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြေနီကုန်းရပ်တွင် မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံး တွေ့ရှိခဲ့သေးသည်ဟု ၎င်းရာအိမ်မှုး၏ ပြောကြားမှုမှ သိရသည်။

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...