မြစ်ကြီးနား အခြေစိုက် သတင်းသမား ၂ဦး ရိုက်နက် ဖမ်းဆီးခံရ

မြစ်ကြီးနား အခြေစိုက် သတင်းသမား ၂ဦး ရိုက်နက် ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ဆန္ဒပြနေသည့်ပြည်သူများကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ရာတွင် သတင်းယူနေသည့် သတင်းသမား ၂ဦးအကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရကြောင်းသိရသည်။

“ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ယောက်က သတင်းသမားဟုတ်တယ် မရိုက်နဲ့လို့ပြောနေတယ်။ ဒါပေမယ့် နင်တို့ သတင်းသမားတွေကို ပိုပြီးရိုက်ရမယ်လို့ဆိုပြီး အချက်ပေါင်းများစွာရိုက်တယ်လို့ “မျက်မြင်သက်သေတစ်ဦးထံမှသိရသည်။

ဖမ်းဆီးခံရသောသတင်းထောက် ၂ ဦးမှာ မြစ်ကြီးနားအခြေစိုက် The 74 Media သတင်းဌာနမှ မချန်ဘူ နှင့် Kachin Wave သတင်းဌာနမှ ကို လရော် တို့ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ယခင်လကလည်း သတင်းထောက် ၅ ဦးတစ်ကြိမ်၊ ၁ ဦး ၁ ကြိမ် စသဖြင့် ၂ကြိမ် ဖမ်းဆီးခံရသော်လည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ ညှိနှိုင်းပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယနေ့ နံနက် မြစ်ကြီးနားမြို့ရှိ အေးစေတီသပိတ်စစ်ကြောင်းကို ရဲနှင့် စစ်သားများက ရာဘာနှင့် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းထောက် ၂ ဦးလည်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...