မြစ်ကြီးနား အခြေစိုက် သတင်းသမား ၂ဦး ရိုက်နက် ဖမ်းဆီးခံရ

မြစ်ကြီးနား အခြေစိုက် သတင်းသမား ၂ဦး ရိုက်နက် ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ဆန္ဒပြနေသည့်ပြည်သူများကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ရာတွင် သတင်းယူနေသည့် သတင်းသမား ၂ဦးအကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရကြောင်းသိရသည်။

“ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ယောက်က သတင်းသမားဟုတ်တယ် မရိုက်နဲ့လို့ပြောနေတယ်။ ဒါပေမယ့် နင်တို့ သတင်းသမားတွေကို ပိုပြီးရိုက်ရမယ်လို့ဆိုပြီး အချက်ပေါင်းများစွာရိုက်တယ်လို့ “မျက်မြင်သက်သေတစ်ဦးထံမှသိရသည်။

ဖမ်းဆီးခံရသောသတင်းထောက် ၂ ဦးမှာ မြစ်ကြီးနားအခြေစိုက် The 74 Media သတင်းဌာနမှ မချန်ဘူ နှင့် Kachin Wave သတင်းဌာနမှ ကို လရော် တို့ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ယခင်လကလည်း သတင်းထောက် ၅ ဦးတစ်ကြိမ်၊ ၁ ဦး ၁ ကြိမ် စသဖြင့် ၂ကြိမ် ဖမ်းဆီးခံရသော်လည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ ညှိနှိုင်းပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယနေ့ နံနက် မြစ်ကြီးနားမြို့ရှိ အေးစေတီသပိတ်စစ်ကြောင်းကို ရဲနှင့် စစ်သားများက ရာဘာနှင့် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းထောက် ၂ ဦးလည်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...