KNU မူတြော်ခရိုင်ဌာနချုပ်ကို လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးမှုရှိ

KNU မူတြော်ခရိုင်ဌာနချုပ်ကို လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးမှုရှိ

မူတြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ယမန်နေ့ မတ်လ ၂၇ ရက်၊ ည ၇ နာရီ မှ နံနက် ၂ နာရီအထိ လေယာဥ် ၂ စင်း ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် ထိခိုက်သေဆုံးမှုများရှိသည်ဟု  ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ပစ်ခတ်ရာတွင် နေအိမ်တစ်လုံးမီးလောင်ပျက်စီး၍ ထိုအိမ်အတွင်းတွင်နေထိုင်သူလည်း ထိခိုက်သေဆုံးပြီးမီးလောင်ကျွမ်းခဲ့သလို အခြားသော ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှုများလည်းရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယမန်နေ့( မတ် ၂၇ရက်)က အာဏာသိမ်းစစ်တပ်၏ သီးမူထာ အခြေစိုက်တပ်စခန်းကို KNU  တပ်မဟာ ၅ တပ်ဖွဲ့မှ တက်ရောက်သိမ်းယူပြီးနောက် ယခုလို လာရောက်ပစ်ခတ်နေမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်လာရောက်ပစ်ခတ်မှုပြုလုပ်သောကြောင့် ဒေသခံပြည်သူလူထုများသည် လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြောင်းလည်း သတင်းရရှိသည

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...