မောင်တော မြို့မဗလီကြီးခြံဝန်းတွင် မြှုုပ်နှံထားသည့် အလောင်းတစ်လောင်းတွေ့ရှိ

မောင်တော မြို့မဗလီကြီးခြံဝန်းတွင် မြှုုပ်နှံထားသည့် အလောင်းတစ်လောင်းတွေ့ရှိ

မောင်တောမြို့ရှိ မြို့မဗလီကြီးခြံဝန်းအတွင်း သတ်ဖြတ်၍မြှုပ်နှံထားသည့် အလောင်းတစ်လောင်းအား မနေ့က မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း မောင်တောမြို့မရဲစခန်းက သိရသည်။

"ဟုတ်ပါတယ်။ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တစ်ခုရရှိမူကြောင့် ဒီနေ့ မနက် ဗလီကို သန့်ရှင်းရေးလုပ်မလုပ် စစ်ဆေးကြမယ်ဆိုပြီး ဝင်ရောက်စစ်ဆေးရာ ဗလီ၏ ထောင့်တစ်နေရာမှာ မြှုပ်နှံထားတဲ့ ရုပ်အလောင်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ် " ဟု မောင်တောမြို့မရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက DMG ကို အတည်ပြုပြောကြားသည်။

အသတ်ခံရသူမှာ ရွှေစားကျေးရွာနေ ဆော်လိမ်မူလာ အသက် ၂၀ နှစ် (ဘ) ရော်ချီးတာမတ်ဖြစ်ပြီး စိတ်မနှံ့ရူးနေသူတစ်ဦးဖြစ်သည်။

မသင်္ကာဖွယ် သတင်းအချက်အလက်များအရ ဗလီဂေါပကဖြစ်သည့် ဆော်လိမ်နှင့် စောတင့် တို့အား ရဲမှခေါ်ယူစစ်ဆေးရာတွင် အဆိုပါ စိတ်မနှံ့သူမှာ ဗလီကြီးရှိ သစ်များအား ခိုးယူမှုပြုရာမှ ဆုံးမသည့်အနေဖြင့် ကြိုးဖြင့်ချည်နှောင်ပြီး ရိုက်နှက်ဆုံးမကာ ကြိုးမဖြေဘဲထားခဲ့ရာကနေ သေဆုံးလျှက်တွေ့ရှိရသည့်အတွက် လူမသိအောင် ဗလီကြီး၏ ထောင့်တစ်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း ထွက်ဆိုသည်ဟု အဆိုပါရဲအရာရှိက ဆိုသည်။

ဆော်လိမ် အသက် ၄၁ နှစ် (ဘ) ဟာဘီရာမန်နှင့် စောတင့် အသက် ၃၁ နှစ် (ဘ) ဖေတင် တို့အား (ပ)/၁၁/၂၀၂၁ ရာဇတ်သတ်ကြီးပုဒ်မ ၃၀၂/၁၁၄/ ၂၀၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

မောင်တောမြို့ရှိ မြို့မဗလီကြီးကို ၂၀၁၂ ခုနှစ်ကစ၍ ပိတ်ထားခြင်းဖြစ်သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...