ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရ

ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရ

ရှမ်းမြောက်ဒေသ သီပေါမြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံ ၁၀၀ ကျော် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

သီပေါမြို့နယ်ရှိ ကုန်းဆာကျေးရွာအုပ်စုအတွင်းက ကျေးရွာများအနီး မတ်လ ၂၂ ရက်နေ့က ရှမ်း ပြည်တိုးတက် ရေးပါတီ ရှမ်းပြည်တပ်တော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်း ပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

“အခုက တစ်ရာ လောက် ထွက်ပြေးလာကြတယ်။ သူတို့ရွာနားမှာ ၂၂ ရက်နေ့ ညက တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်ဗျ။ ရွာနားလေးအထိ တိုက်ပွဲကဖြစ်လာတယ်၊ လက်နက်ကြီးတွေ ဘာတွေလည်း ကျလာလာ တော့ မနေရဲကြတော့ဘူး။ အခုလည်း ရွာမှာ ကျန်ခဲ့တဲ့လူတွေလည်း ရှိတယ်လို့တော့ ပြောတယ်။ အခု သီပေါ ဒီအောင်မင်္ဂလာဘုန်းကြီးမှာပဲဗျ။ ကျနော်တို့ ရတဲ့စာရင်းကတော့ အိမ်ထောင်စု ၃၃ စုရှိတယ် တစ် ရာတော့ မပြည့်ဘူး” ဟု ထွက်ပြေးလာကြသည့် စစ်ရှောင်များကို သွားရောက်ကူညီခဲ့သူ တစ်ဦးက ပြော သည်။

ဆွန်လုံကျေးရွာ အပြင် အနီးအနားက အခြားကျေးရွာများမှ ထွက်ပြေးလာကြသည့် စစ်ရှောင်ပြည်သူများ ကို ယခုခါ သီပေါမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးသည်ဟု သွားရောက် ကူ ညီခဲ့သူက ဆက် ပြောသည်။

“အိမ်ထောင်စု ၃၃ စုက ရွာသားတွေအတွက်တော့ အခုက ကျနော်တို့ သီပေါက ပရဟိတအဖွဲ့တွေ လူငယ် တွေ ရပ်မိရပ်ဖတွေက ကူညီပေးထားတယ်။ စားစာရာတွေ စီစဉ်ပေးထားတယ်။ သူတို့ ဒီရွာသားတွေပြော တာတော့ ထပ်ပြီး ရောက်လာဖို့လည်း ရှိသေးတယ်။ လောလောဆယ်တော့ တခြား ဘာမှ သိပ်လိုတာမျိုး တော့ မရှိသေးပါဘူး။ ရက်ကြာလာရင်တော့ မလွယ်ဘူးပေါ့ဗျာ” ဟု ဆက်ပြောသည်။

ထို့အပြင် စားသောက်စရာများကိုလည်း သီပေါဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက  တတ်နိုင် သမျှပံ့ပိုးပေးထားရသည်ဟု ပြောသည်။

အဆိုပါတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်များအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ထို့အပြင် နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းကြား ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် စစ်ရှောင်ပြည်သူများ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲ မန်စံကျေးရွာထဲက ဘုန်းတော်ကြီး ကျောင်းတွင် တစ်လကျော်အကြား စစ်ဘေးရှောင်နေကြရသူများလည်း ရှိနေဆဲဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက် ကတည်းက SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့ များ နှင့် RCSS တပ်တို့အကြား ကျောက်မဲမြို့ နယ် တော့ဆန်၊ လွယ်အံကျေးရွာအုပ်စုနှင့် နမ္မတူမြို့နယ် မန်ဝါ ကျေးရွာအနီးတို့တွင် နှစ်ဖက်ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ (၁)ထောင်ကျော် ထွက်  ပြေးတိမ်းရှောင်နေကြရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...