ရခိုင်ပြည်နယ်တွင် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ဟုဆို

ရခိုင်ပြည်နယ်တွင် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ဟုဆို

မိုးဇော် — လက်ရှိတွင် ရခိုင်ပြည်နယ်သို့ ကုန်စည်များဝင်ရောက်မှုမှာ နှေးကွေးနေသည့်အတွက် ရခိုင်ပြည်နယ်တွင် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (REIC) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

ရခိုင်ပြည်နယ်မှာ ရန်ကုန်၊ မန္တလေးနှင့် ပြည်စသော မြို့နယ်များမှ တင်ပို့ကုန်များကို အဓိကအားထားနေကြရပြီး လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကုန်စည်များသယ်ယူရာတွင် ကြန့်ကြာမှုများရှိနေကာ ကုန်စည်အချို့ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်း သူကဆိုသည်။

“ဒီအခြေအနေသာ ရေရှည်ဖြစ်နေရင် မကောင်းဘူး။ ဒီပြဿနာတွေသာ မြန်မြန်မပြီးဘူးဆိုရင် ကုန်စည်  ဈေးနှုန်းရော စီးဆင်းမှုပိုင်းမှာပါ ထိခိုက်လာနိုင်တယ်။ ဈေးတွေတက်လာနိုင်တယ်။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ဆိုရင် လိုအပ်တဲ့ကုန်စည်တွေကို အစားထိုးဖို့အတွက် အခြားကုန်စည် စီးဆင်းမှုလမ်းကြောင်းတွေကို ရှာရမယ့်အခြေအနေတွေ ဖြစ်လာနိုင်တယ်” ဟု  ဦးခင်မောင်ကြီးက သုံးသပ်သည်။

ရခိုင်ပြည်နယ်သည် အခြားမှ တင်သွင်းလာသည့် ကုန်ပစ္စည်းအများစုကိုသာ မှီခိုနေရသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းတွင် မိမိတို့ပြည်နယ်မှ ထုတ်လုပ်နိုင်မှု အားနည်းနေသေးကြောင်း ၎င်းကဆက်ပြောသည်။

“အသေးစားကုန်ထုတ်လုပ်ငန်း (SME) လုပ်ငန်းတွေ ရခိုင်ပြည်နယ်မှာ အများကြီး ထူထောင်ဖို့လိုနေသေးတယ်။ လက်ရှိမှာက စပြီးစွန့်စားမယ့် သူတွေကလည်း နည်းနေသေးသလို ဒီလုပ်ငန်းကိုအားပေးပြီး ငွေရေးကြေးရေး အရ ရင်းနှီးမြှုပ်နှံမှုအရ၊ နည်းပညာအရ ပံ့ပိုးပေးတဲ့ အစိုးရဆိုတာကလည်း အခုထိမရှိသေးဘူး၊ ဒီမိုကရေစီအစိုးရတက်ခဲ့တဲ့ ၁၀ နှစ်ပတ်ဝန်းကျင်မှာလည်း ထူထောင်ပေးနိုင်ခဲ့တာ မရှိသေးဘူး” ဟု ၎င်း၏အမြင်ကို ပြောသည်။

ရခိုင်ပြည်နယ်သည် ပြည်ပမှ တင်ပို့သော ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်ကို မှီခိုနေရပြီး လက်ရှိတွင် ကုန်သွယ်ရေးလမ်းကြောင်းများ နှေးကွေးနေသည့်အတွက် အချို့သောကုန်ပစ္စည်းများမှာ လိုသလောက် မရမှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“ကုန်စည်တွေ လိုအပ်တဲ့ အနေအထားမရလို့ ဈေးနှုန်းအချို့တော့ တက်လာတာတွေရှိတယ်။ လက်ရှိအတိုင်းဆက်သွားရင် စားသုံးကုန်စည်တွေ ဈေးတက်လာနိုင်တာရှိတယ်။ လက်ရှိအခြေအနေကလည်း ဈေးကအတက်ဖက်ကို ရောက်နေတယ်” ဟု သူကဆိုသည်။

မိမိတို့အနေဖြင့် ကုန်စည်များ ဈေးနှုန်းအဆမတန် မမြင့်တက်လာစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ ချိတ်ဆက်ကာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဦးတင်အောင်ဦးက ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စက်သုံးဆီတစ်ဂါလံလျှင် ၇၀၀ ခန့်၊ ပဲဆီတစ်ပိဿာလျှင် ၂၀၀၀ ခန့်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၁၀၀၀ ထောင်ခန့်နှင့် ငရုပ်သီးတစ်ပိဿာလျှင် ငါးရာခန့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း DMGမှ စုံစမ်းသိရှိရသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...