ညောင်လေးပင်ခရိုင် KNU နှင့် တပ်မတော် စစ်ရေးတင်းမာ

ညောင်လေးပင်ခရိုင် KNU နှင့် တပ်မတော် စစ်ရေးတင်းမာ

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ဧရိယာ ညောင်လေးပင်ခရိုင်ဖက်သို့ အာဏာသိမ်း စစ်ကောင် စီမှ စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းမှုများ ရှိနေသည့်အတွက် စစ်ရေးတင်းမာမှုများရှိနေသည်ဟု ညောင်လေး ပင်ခရိုင် ကရင့်လူမှုရေးရာ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအနေအထားများကြောင့် အဆိုပါဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမည့် အနေအထားတွင် ရှိနေ သည်ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှုရေးရာ အဖွဲ့မှ စောစိပတြော် က ပြောသည်။

၎င်းက “အခြေအနေကတော့ ဘယ်လိုပြောရမလဲဆိုတော့ သူတို့အင်အားတွေဖြည့်မယ် ဆက်တက်မယ်ဆို ရင် တော့ တိုက်ပွဲတွေအမြဲတမ်းဖြစ်နေမှာပဲ KNU ထိန်းချုပ်တဲ့ဖက်ကိုရောက်ရင်တော့ တိုက်ပွဲကတော့ ဖြစ်မှာပဲ” ဟု ပြောသည်။

မတ်လ ၂၃ ရက်နေ့(ယမန်နေ့) က အာဏာသိမ်းစစ်ကောင်စီမှ စစ်အင်အားနှင့် ရိက္ခာသယ်ပို့သည့် စစ်ကား ၁၆ စီး မှာ လက်ရှိ စစ်ရေးတင်းမာနေသည့် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ဖက်သို့ တက်သွားသည်ဟု ညောင် လေးပင်ခရိုင် ကရင့်လူမှုရေးရာအဖွဲ့မှ တာဝန်ရှိသူ စောစိပတြော်က ဆက်ပြောသည်။

“မနေ့က ကား ၁၆ စီး တက်သွားတယ်။ ၉ စီးက ရိက္ခာသယ်သွားတယ်။ ခါလီက ၅ စီး ကျောက်ကြီးဖက် တက် သွားတယ်လို့ သိရတယ်။ စောမီလူတို့ ကျောက်ကြီး မူသယ် ကားလမ်းတို့ ဟိုအရင်က စစ်ရေးတင်းမာမှု ပစ်ခတ် မှု ဖြစ်ခဲ့တဲ့ အဲဒီ လမ်းဖက်ပေါ့ ခဲဒဲတို့ အဲဒီဖက်ကနေ ရိက္ခာပို့တာတို့ရှိတာ သိရတယ်။ သူတို့က ကျောက်ကြီးမြို့ တပ်ရင်း ၆၀ ကနေ ပြီးတော့ ညပိုင်းမှာ သူတို့ ဆက်ပြီးတော့ ရိက္ခာပို့တာပေါ့။”

မတ်လ ၂၂ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ ရိက္ခာပို့ဆောင်ပေးသည့် ကား ၂ စီ မြေမြုပ်မိုင်းထိ မှန် သည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုမှုကို ကိုးကား၍ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာ တာဝန်ရှိသူက ဆိုသည်။

စောစိပတြော်က “ဟိုတစ်နေ့ကလည်း ၂၂ ရက်နေ့က တက်သွားတဲ့ ကား ၂ စီး မြေမြုပ်မိုင်း ထိ သွားတယ်လို့ ကြားတယ်။ အဲဒါက သူတို့တက်တဲ့ စောမီလူ ကျောက်ကြီး ခဲဒဲလမ်းပေါ့ လမ်းတစ်ဝက်မှာ စောမီလူ အထက် ဖက်ပေါ့နော အဲလိုကြားတယ်။ သူတို့တပ်အင်အားဖြည့်တာတို့ စစ်ရေးလှုပ်ရှားမှုတို့က ရှိနေတယ်။ ထိခိုက်ဒါ က တော့ ရှိတယ်လို့ကြားတယ်။ သူတို့ လူနာတွေ သယ်လာတာရှိတယ်လို့ ပြောကြတယ်။ သေတဲ့ လူတွေလည်း ကြားတယ်။ ဘယ်နှစ်ယောက် သေတယ်။ ဘယ်နှစ်ယောက် ထိခိုက်ဒဏ်ရာရသလဲ ဆိုတာ သေသေချာချာတော့ မသိရဘူး” ဟု ပြောသည်။

မတ်လ ၂၃ ရက်နေ့ (ယမန်နေ့) က KNU မှ ညောင်လေးပင်ခရိုင် အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ် အင် အားတိုးချဲ့များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များ သည် နတ်သံကွင်းမှ သံဘိုရှိ ခလရ(၆၀) တပ်ရင်းသို့ စစ်ကား(၁၆)စီးဖြင့် ဆန်၊ ဘိလပ်မြေ၊ မုန့်ပုံးနှင့် ပီပါပုံးများ ပို့ဆောင်လျက်ရှိသည့်အပြင် ကျောက်ကြီးမြို့ရှိ ဆိပ်ကြီးနှင့် မာလာဦး စစ်ဆေးရေးဂိတ်များတွင်လည်း လူအင် အားများ ဖြည့်ဆည်းလျက်ရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် ကာလတွင်ပင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီ ၏ လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လက်ရှိတွင်လည်း KNU နှင့် အာဏာသိမ်း စစ်ကောင်စီတို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ ယခင်ကထက် ပိုမိုတင်းမာလျက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...